Sunday, September 2, 2007

ကချင်ပြည်နယ်ထွက် ရှီးပဒီး (Cordyceps)



ကချင်ပြည်နယ်ထွက် ရှီးပဒီး (Cordyceps)


ရုပ်ပျိုကိုယ်နုဆေးအဖြစ် ဈေးကောင်းပေးဝယ်ယူလျက်ရှိ ကချင်ပြည်နယ်ထွက် ရှီးပဒီး (ခေါ်) ပိုးဆေးနွယ်ရှင် (cordyceps) များကို ရုပ်ပျိုကိုယ်နုဆေးအဖြစ်သုံးစွဲရန် ပြည် တွင်းပြည်ပကုန်သည်များ၊ ဆေးပညာရှင် များက ဈေးကောင်းပေးဝယ်ယူလျက်ရှိရာ ရှီးပဒီးတစ်ကောင်လျှင် ကျပ်ငွေတစ် သောင်းခွဲခန့်နှင့် တစ်ပိဿာလျှင် အမေရိ ကန်ဒေါ်လာ ၃၀၀၀၀ ခန့်အထိ ဈေးနှုန်း ရရှိနေကြောင်း ဒေသခံများ၏ ပြောကြား ချက်အရ သိရသည်။ ရှီးပဒီးများသည် မြန်မာနိုင်ငံ မြောက်ဖျား၊ ကချင်ပြည်နယ်ရှိ ခါကာဘို ရာဇီတောင်ထိပ်၊ ဂမ်လန်ရာဇီတောင်ထိပ် နှင့် တိဘက်-မြန်မာနယ်စပ်၊ ဆီးနှင်းထူထပ် သော ရေခဲထုအောက်တွင် တွေ့ရလေ့ရှိ ကြောင်း၊ အသက်ရှည်ဆေးခေါ် မချစ်ဥ များနှင့် ခန်းတောက်မြစ်များကိုစား၍ အ သက်ရှင်ကြကြောင်း၊ ပိုးကောင်ဘ၀ဖြင့် ၆ လ၊ နွယ်ပင်အဖြစ် ၆ လပြောင်းလဲ ရှင် သန်ကြသောကြောင့် ပိုးဆေးနွယ်ရှင်ဟု လည်း ခေါ်ဝေါ်ကြကြောင်း သိရသည်။
ကချင်ပြည်နယ်ထွက် ရှီးပဒီးသုံးမျိုး သုံးစားရှိပြီး၊ ပေပေါင်း ၁၀၀၀၀ ကျော်၊ ပေပေါင်း ၆၀၀၀ ကျော်နှင့် ပေ ၆၀၀၀ အောက်မှထွက်ရှိသော ရှီးပဒီးဟူ၍ ခွဲခြား ထားရာ ပေ ၁၀၀၀၀ ကျော်မှ ရှီးပဒီးဆေး မြစ်များသည် ဆေးစွမ်းအာနိသင်ပိုမိုထက် မြက်ကြောင်း၊ ပေ ၆၀၀၀ ၀န်းကျင်နှင့် ၆၀၀၀ အောက်တို့တွင် ရေခဲဆီးနှင်းနည်း ပါးသည့်အတွက် မချစ်ဥနှင့် ခန်းတောက် မြစ်မထွက်သော တောင်များတွင် ရှီးပဒီး တို့သည် တောင်ဇလပ်ကဲ့သို့သော ဆေး ဖက်ဝင်အပင်များကို တွယ်ကပ်စား သောက်ကြကြောင်း၊ ကချင်တိုင်းရင်းသား တို့သည် သစ်ပင်တွင် တွယ်ကပ်နေသော ရှီးပဒီးဆေးမြစ်များအား ရယူလေ့ရှိ ကြောင်း သိရသည်။ အလွန်အေးသော ဆီးနှင်းဖုံးဒေသ များဖြစ်သည့် ခါကာဘိုရာဇီ၊ ဂမ်လန် ရာသီတောင်မြင့်များမှ ရှီးပဒီးဆေးမြစ်များ ကိုမူ ရေခဲအအေးဒဏ်ခံနိုင်ရည်ရှိသော ထရုံလူပုလေးများက ကောက်ယူစု ဆောင်းကာ အလွန်အေးသော ဒီဇင်ဘာ၊ ဇန်န၀ါရီလများတွင် နောင်ခွန်းအထိ လာ ရောက်ရောင်းချလေ့ရှိကြောင်း၊ ယင်းလူ မျိုးများသည် ရှီးပဒီးဆေးမြစ်များအား ဆားအိတ်များ၊ ကလေးအ၀တ်အစားများ နှင့် လဲလှယ်လေ့ရှိကြောင်း တစ်နှစ်တစ် ကြိမ်သာ လာရောက်လေ့ရှိကြောင်း သိရ သည်။
ရှီးပဒီးများသည်ဟိမ၀န္တာတောင်စွယ်နှင့်ဆက်စပ်နေသောနီပေါ၊တရုတ်၊တိဘက်၊မြန်မာနိုင်ငံတို့မှ
ထွက်ရှိပြီး ကချင် ပြည်နယ်မြောက်စွန်းမှထုတ်လုပ်သော ရှီး ပဒီးသည် အစွမ်းအာနိသင်အရှိဆုံးဖြစ်သ ဖြင့် တရုတ် (တိုင်ပေ)၊ ကိုရီးယား၊ ဂျပန် နိုင်ငံများက ၀ယ်ယူသုံးစွဲနေကြကြောင်း သိရသည်။







No comments: