Monday, September 3, 2007

မီးယပ်သွေးဆုံးခြင်းနှင့် တရုတ်တိုင်းရင်းဆေးအမြင်

မီးယပ်သွေးဆုံးခြင်းနှင့် တရုတ်တိုင်းရင်းဆေးအမြင်

တရုတ်တိုင်းရင်းသမားတော်
ဦးထွန်းလွင် နှင့်တွေ့ဆုံခြင်း


ဘယ်လို အသက်အရွယ်မှာ မီးယပ် သွေးဆုံးခြင်း ဖြစ်ပေါ်တတ်ပါသလဲ။
အမျိုးသမီးတွေမှာ မီးယပ်သွေးဆုံးခြင်း သဘာဝဟာ အသက် ၃၀ ကျော်မှ ၅၀ ကျော်၊ ၆၀ နှစ်အထိ အသက်အပိုင်း အခြားတွေမှာ ဖြစ်ပေါ်တတ်ပါတယ်။ များသောအားဖြင့် အသက် ၅၀ ၀န်းကျင် မှာ အဖြစ်များတတ်ပါတယ်။

ရှေးဦးဖြစ်ပေါ်တတ်တဲ့ လက္ခဏာ တွေကို ပြောပြပါ။

ရှေးဦးလက္ခဏာတွေက မီးယပ်မမှန် တော့ဘဲ ၂ လ၊ ၃ လကြာမှ တစ်ခါပေါ် တာမျိုး၊ မီးယပ်လာချိန်ပုံမှန်ဖြစ်တဲ့ ၃ ရက်၊ ၄ ရက်၊ ၅ ရက် မဟုတ်တော့ဘဲ တစ်ရက် နှစ်ရက်သာလာခြင်း၊ ၆ ရက်အထက် ကြာခြင်း၊ အဖြူဆင်းခြင်း၊ အ၀ါဆင်းခြင်း၊ အိပ်မပျော်ခြင်း၊ စိတ်ဓာတ်ကျပြီး စိတ် အားငယ်ခြင်း၊ ရာသီဥတုဒဏ်မခံနိုင်ခြင်း စတာတွေ ခံစားရတတ်ပါတယ်။
သွေးဆုံးသွားတဲ့အချိန်မှာကော ဘယ်လို လက္ခဏာတွေပြပါသလဲ။
သွေးဆုံးသွားတဲ့အချိန်မှာ မီးယပ်သွေး လုံးဝမပေါ်တော့ဘဲ တချို့ကပုံမှန်အတိုင်း ကျန်းမာရေးကောင်းတာမျိုးရှိပြီး တချို့က ကျန်းမာရေးချို့ယွင်းလာတာ၊ တရှောင် ရှောင်ဖြစ်ပြီး ရုပ်ပိုင်း၊ စိတ်ပိုင်းကျဆင်း တာတွေဖြစ်တတ်တာ တွေ့ရပါတယ်။

မီးယပ်သွေးဆုံးတော့မယ့်အချိန်မှာ ဘယ်လိုနေထိုင်သင့်ပါသလဲ။

အစားအသောက်ဆင်ခြင်ရပါမယ်။ စိတ်ရွှင်လန်းအောင် ကျင့်ကြံအားထုတ်ရ ပါမယ်။ ကိုယ်လက်လှုပ်ရှားခြင်း ပုံမှန် ပြုလုပ်ပေးသင့်ပါတယ်။ အအေးမိခြင်း၊ အပူလျှပ်ခြင်းမဖြစ်အောင် ဂရုစိုက်သင့်ပါ တယ်။ မီးယပ်သွေးဆုံးမယ့်အချိန်မှာ ဘေး ထွက်ဆိုးကျိုးအကင်းဆုံးနဲ့ ပြန်လည်နုပျို ကျန်းမာစေမယ့် ဆေးဝါးမျိုးမှီဝဲသင့်ပါ တယ်။

မီးယပ်သွေးဆုံးခြင်းအတွက် တရုတ်တိုင်းရင်းဆေးနည်းနဲ့ ဘယ်လို ကုသနိုင်ပါသလဲ။

မီးယပ်သွေးဆုံးတဲ့သူတိုင်း ရောဂါ လက္ခဏာမတူကြပါဘူး။ တရုတ် ဆေးနည်းကလည်း တစ်လမ်းမောင်း မဟုတ်ပါဘူး။ ဆေးဝါးကိုရောဂါရှင်ရဲ့ အနေအထားပေါ်မူတည်ပြီးပေးရပါ တယ်။ သူရဲ့သွေးခုန်နှုန်းကိုစမ်း၊ ရောဂါ လက္ခဏာကိုလေ့လာပြီးမှ ဆေးဝါးတိုက် ကျွေးရတဲ့အတွက် ပုံသေဆေးမရှိပါဘူး။ ဥပမာအားဖြင့် ညည်းတွားတဲ့စိတ်ဖြစ်ခြင်း၊ ခန္ဓာကိုယ် ပျော့ပျောင်းအားနည်းပြီး မျက်နှာနီမြန်းခြင်း၊ ခေါင်းလေး၊ မူးဝေ၊ ကျောတောင့်၊ ညချွေးထွက်ခြင်း၊ ၀မ်းချုပ် ခြင်း၊ စိတ်လက် မရွှင်ပျခြင်း၊ အမျက်ထွက် လွယ်ခြင်း၊ တစ်ကိုယ်လုံးပူထူနေသော် လည်း ပူလိုက် အေးလိုက်ဖြစ်ပြီး လက်ခြေ ပူတဲ့လက္ခဏာတွေရှိရင် အဲဒီဝေဒနာရှင်ကို ကျောင်းဝေ့ရှောင်းယောင်ဆန် ( jiao wei shao yao san) ဆိုတဲ့ဆေး ဖော်စပ်ကျွေး ရပါတယ်။ တခြား တခြားသောလက္ခဏာ တွေအတွက်လည်း ဒီလိုပဲခွဲခြားထားပါ တယ်။ ဒီဆေးတွေကို တရုတ်ပရဆေးဆိုင် တွေမှာ မေးမြန်းဝယ်ယူပြီး ကျိုချက် သောက်လို့ရပါတယ်။

နောက်ဆက်တွဲရောဂါတွေ မဖြစ် အောင် ဘယ်လိုအနေအထိုင် အစား အသောက်ဆင်ခြင်သင့်ပါသလဲ။

အစားအသောက်စားတဲ့အခါ လက် လုပ်ချဉ်တွေရှောင်ရပါမယ်။ အဆီနည်း၊ အငန်ပေါ့တဲ့အစာစားရပါမယ်။ အအေး လွန်စာ၊ အပူလွန်စာတွေ ရှောင်သင့်ပါ တယ်။ အားကစားနဲ့ လူမှုရေးကိစ္စတွေမှာ ပါဝင်သင့်ပါတယ်။ မိသားစုနဲ့ ဆွေးနွေး တိုင်ပင်ခြင်း၊ အတူတကွခရီးထွက်ခြင်း၊ ဘုရားဖူးသွားခြင်း စတာတွေ မကြာခဏ ပြုလုပ်ပေးသင့်ပါတယ်။ ကိုယ်ရောစိတ် ပါ ကျန်းမာရွှင်လန်းအောင်နေရပါမယ်။

No comments: