Monday, September 3, 2007

ဆီးချိုရောဂါနှင့် တရုတ်တိုင်းရင်းဆေးအမြင်

ဆီးချိုရောဂါနှင့် တရုတ်တိုင်းရင်းဆေးအမြင်

သမားတော် ဦးညွန့်ဝေနှင့် တွေ့ဆုံခြင်း



ဆီးချိုရောဂါ ဖြစ်ပွားရတဲ့ အကြောင်းရင်းကိုပြောပြပေးပါ။
ဆီးချိုရောဂါကို ရေငတ် ရေဆာရောဂါလို့လည်း ခေါ်ပါ တယ်။ ပန်ကရိယရဲ့ ဆဲလ်တွေက အင်ဆူလင်ထုတ်လုပ်မှု မပြည့်စုံ တာနဲ့ သကြားထုတ်လုပ်မှုမဖြစ် သင့်ဘဲ များပြားလာတဲ့အခါ အချို ဓာတ်ဖလှယ်မှု ရှုပ်ထွေးလာပြီး နာ တာရှည်ဖြစ်တဲ့ရောဂါဖြစ်ပါတယ်

ဘယ်လိုလူတွေ အဖြစ်များ ပါသလဲ။
အချိုကြိုက်ပြီး ၀တဲ့လူတွေ၊ ဦးနှောက်အသုံးချမှုများပြီး အထိုင် များတဲ့ဥာဏလုပ်သားတွေမှာ အဖြစ်များပါတယ်။ အာရုံကြော ထိခိုက်ဖူးသူ၊ ကိုယ်ဝန်အခါခါ ဆောင်ခဲ့ဖူးတဲ့ အမျိုးသမီးတွေ၊ သန္ဓေတား ဆေးမှီဝဲတဲ့သူတွေဟာ ဒီရောဂါဖြစ်ပွားစေဖို့နဲ့ ပိုမိုပြင်းထန် စေဖို့ အခွင့်အလမ်း ပိုများတာ တွေ့ရပါတယ်။ ရောဂါခံစားရတဲ့ အခါ ခြေတွေလက်တွေ ညောင်း ညာ ကိုက်ခဲတာ၊ ထုံထိုင်းပြီး အပူ အအေး မသိတော့တာ၊ မျက်စိ မှုန်ပြီးလာတာတွေ ဖြစ်လာတတ် ပါတယ်။

ဆီးချိုရောဂါကို ပျောက် ကင်းအောင်ကုသနိုင်ပါသလား။

ဆီးချိုရောဂါကို အမြစ်ပြတ် ပျောက်ကင်းစေနိုင်တဲ့ အထူးဆေး မရှိပါဘူး။ အစားအစာကို ထိန်း ချုပ်တဲ့နည်းနဲ့ပဲ ရောဂါပိုတိုးမလာ အောင် ထိန်းရပါတယ်။

ဆီးချိုရောဂါကို တရုတ် တိုင်းရင်းဆေးနဲ့ ဘယ်လိုကုသပါ သလဲ။

ဆီးချိုအတွက် ဆေးဖော်စပ် နည်းတွေကတော့ အမျိုးမျိုးရှိပါ တယ်။ အဲဒီထဲကမှ အလွယ်တကူ လုပ်နိုင်တဲ့နည်းတစ်ခုက ပြောင်းဖူး ၂၅ ကျပ်သားကို ခြောက်ခွက် တစ်ခွက်ပြုတ်ပြီး တစ်နေ့ လေး ကြိမ်သောက်ပေးရမယ်။ နောက် ထပ် ဆေးနည်းတစ်ခုက စပင်ဒယ် ပင်ရဲ့ ငှက်တောင်ပံပုံ အချွန် အတက်၊ ဥမွန်ဥ၊ ပိုးစာသီး၊ ဆူး ပန်း၊ တန် (တုန်) ကွေး (ပန်းနု) ငါးမူးသားစီခန့်ကို ခြောက်ခွက်တစ် ခွက်ကျိုပြီး နေ့စဉ်နှစ်ကြိမ် သုံးကြိမ် ခန့်ခွဲသောက်ရမယ်။ သုံးလခန့် သောက်ပေးရပါမယ်။ နောက် သကြားကို တတ်နိုင်သမျှ ရှောင်ရ မယ်။ အရက်၊ ဆေးလိပ်နဲ့ ကာမ ဂုဏ် အရမ်းလိုက်စားခြင်း ရှောင်ရ ပါမယ်။ ဒါဆိုရင် လုံးဝမပျောက် ကင်းပေမယ့် ဆီးချိုတက်မလာ အောင် ထိန်းထားနိုင်ပါတယ်။

No comments: