Friday, September 7, 2007

ဂျင်ဆင်းနဲ့ တရုတ်တိုင်းရင်းဆေးအမြင်

ဂျင်ဆင်းနဲ့ တရုတ်တိုင်းရင်းဆေးအမြင်



ဂျင်ဆင်းအမျိုးအစားတွေနဲ့ သူတို့ရဲ့ အသုံးဝင်ပုံကို ပြောပြပေးပါ။


တန်ဖိုးအရှိဆုံးနဲ့ အကျော်ကြား၊ အထင်ရှားဆုံး အားဆေးဖြစ်တဲ့ ဂျင်ဆင်း၊ အမျိုးအစားနှစ်မျိုးရှိတယ်။ တရုတ်ပြည် အရှေ့မြောက်ပိုင်းမှာ စတင်ပေါက်ခဲ့တဲ့ ပီ ဂျင်ဆင်း(P,Quinque Folium) တရုတ်အခေါ် ကိုလေးလို့ခေါ်တဲ့အနီမျိုးနဲ့ မြောက်အမေ ရိကတိုက် အရှေ့မြောက်ပိုင်းမှာ စတင် ပေါ်ပေါက်ခဲ့တဲ့ ပီကွတ်ကျူဖိုလီယမ် (P,Quinque Folium)) တရုတ်အခေါ် ယန်းစင်းအဖြူမျိုး ဖြစ်တယ်။ နှစ်မျိုးစလုံး ခွန်အားကို ထိန်းသိမ်းတိုးပွားစေတဲ့ အ စွမ်းတွေရှိတယ်။
အရှေ့တိုင်းဂျင်ဆင်းဟာ အာရုံ ကြော ကို ပိုမိုလှုံ့ဆော်နိုင်ပြီး လိင်မှုစွမ်း အားကို ပိုမိုထက်မြက်စေတယ်။ အမေရိ ကန် ဂျင်ဆင်းကတော့ ခန္ဓာကိုယ်ကို ထိန်း ညှိပေးနိုင်စွမ်းပိုတယ်။ ဂျင်ဆင်းပင်တွေ ဟာ ကြီးထွားနှုန်း အလွန်နှေးကွေးပြီး သက်တမ်းရင့်တဲ့ ဂျင်ဆင်းဥတွေဟာ သက်တမ်းနုတဲ့ ဂျင်ဆင်းဥတွေထက်ပိုပြီး ကျန်းမာရေးအတွက် အထောက်အကူပြု တယ်။


ဈေးကွက်အတွင်းမှာ ဂျင်ဆင်း အသုံးပြုပုံလေးပြောပြပါ။

ဈေးကွက်မှာ ဂျင်ဆင်းနဲ့ပတ်သက် ပြီး ဂျင်ဆင်းဥအခြောက်ကနေ ဂျင်ဆင်း အရက်၊ ဂျင်ဆင်းဝိုင်၊ ဂျင်ဆင်းလက်ဖက် ခြောက်၊ ဂျင်ဆင်းလက်ဖက်ရည်၊ ဂျင်ဆင်း သကြားလုံး၊ ဂျင်ဆင်းဆေးပြား၊ ဂျင်ဆင်း ဆေးတောင့်အထိ အမျိုးမျိုးတွေ့ရတယ်။ အထူး သတိထားရမယ့်အချက်က အချို့ ဟာ ဂျင်ဆင်းအနည်းငယ်သာပါပြီး အချို့ မှာ လုံးလုံး မပါဝင်တဲ့အချက်ဖြစ်တယ်။
ဏညေထွေငညျနညါ မျိုးစုဝင် ဂျင်ဆင်း မှာ အကျိုးအာနိသင်ရှိတဲ့ ဂျင်ဆင်းနိုဆိုက် (Ginsenosides) လို့ ခေါ်တဲ့ ထူးခြားတဲ့ ဓာတ်ပေါင်းတွေပါဝင်တယ်။ တရုတ်တိုင်း ရင်းဆေးသမားတော်တွေက ဂျင်ဆင်းနဲ့ ပတ်သက်ရင် တရုတ်ပရဆေးဆိုင်တွေမှာ ဂျင်ဆင်းဥတွေကို ၀ယ်ပြီး ဆေးဖက်အဖြစ် အသုံးပြုဖို့ အကြံပြုလေ့ရှိကြတယ်။ အဲ ဒါမှ သုံးစွဲသူအတွက် ဂျင်ဆင်းဆေးဥ အစစ်အမှန်ကို သုံးစွဲခွင့်ရရှိမှာ ဖြစ်တယ်။

လူမျိုးအလိုက် ဂျင်ဆင်း အသုံးပြု ပုံကို ပြောပြပေးပါ။
တရုတ်နဲ့ အရှေ့တိုင်းလူမျိုးတွေက ဂျင်ဆင်းကို သက်ကြီးရွယ်အိုတွေအတွက် အားတိုးဆေးအဖြစ် အထူးတန်ဖိုးထားကြ တယ်။ ဘာလို့လဲဆိုရင် အားအင်ကုန်ခန်း မောပန်းမှုကို သက်သာစေတယ်၊ ကိုယ်ခံ စွမ်းအားမြင့်မားစေတယ်၊ အိုမင်းရင့်ရော် မှုကို တိုက်ဖျက်နိုင်တယ်၊ ဆီးချိုရောဂါကို ကာကွယ်ကုသပေးနိုင်တယ်၊ ဂျင်ဆင်းမှာ ပါဝင်တွဲ့ငညျနညသျငိန ရဲ့ အာနိသင် ကြောင့် ကင်ဆာရောဂါကို ကာကွယ် ကု သပေးနိုင်တယ်၊ ဟော်မုန်းလုပ်ငန်းများနဲ့ ကိုယ်တွင်းအင်္ဂါလုပ်ငန်းတွေကို ပုံမှန် အမြဲ ရှိနေအောင် ထိန်းသိမ်းထားတယ်၊ ခန္ဓာ ကိုယ်တွင်းက ပျက်စီးနေတဲ့ ဃနူ တွေ အစား ဃနူ အသစ်တွေ အမြန်ဖြစ်ပေါ် စေရေးကို အားပေးတယ်၊ အရွယ်တင်နု ပျိုစေတယ်၊ အဲဒါအပြင် ဓာတ်ရောင်ခြည် အဆိပ်သင့်တာ၊ ဓာတုဆေးဝါး အဆိပ် သင့်တာ၊ အရက်အဆိပ်သင့်တာတွေကို လည်း ကာကွယ်နိုင်တယ်။
ခံတွင်းကောင်းစေတယ်၊ အစာ ချက်မှုကို ကောင်းစေတယ်၊ <ကက်သား တွေကို သန်မာစေတယ်၊ လိင်စွမ်းအားကို ပြန်လည် ထက်မြက်လာစေတယ် စတဲ့ အကျိုးတရားတွေ ရရှိပါတယ်။ ဂျင်ဆင်းဟာ အီစထရိုဂျင် ဟော် မုန်းနဲ့ဆိုင်တဲ့ အလုပ်အမျိုးမျိုးကိုလုပ်နိုင် ပါတယ်။ ဟော်မုန်းမညီမျှခြင်းကိုညီမျှ အောင် ထိန်းညှိပေးနိုင်တယ်။ သားအိမ် မှာ အဖုအကျိတ်ဖြစ်တာ၊ ရင်သားမှာ အ ကျိတ်အခဲဖြစ်တာ၊ ရင်သားကင်ဆာ ရော ဂါတွေအတွက် အကျိုးရှိပါတယ်။ကိုယ်ခံ စွမ်းအားကျဆင်းနေသူများ သုံးစွဲရင် ကိုယ် ခံစွမ်းအားကို မြှင့်တင်ပေးတယ်။္ပ တရုတ်ဂျင်ဆင်းကို ဘယ်နေရာ တွေမှာ သုံးလဲ။
ကိုလေးလို့ခေါ်တဲ့ တရုတ်ဂျင်ဆင်း အနီဟာ အပူဓာတ်ကိုပေးတဲ့အတွက် သွေးအားနည်းသူတွေ၊ အအေးမိသူတွေ၊ သားဖွားပြီးစ မိခင်တွေ၊ ခြေထောက်များ အေးစက်နေသူတွေအတွက် အသုံးပြုသင့် တယ်။
ယန်းစင်းလို့ခေါ်တဲ့ ဂျင်ဆင်း အဖြူ ဟာ ကိုယ်တွင်းကိုအေးစေတယ်။ စာမေးပွဲ ဖြေနေတဲ့ ကျောင်းသားတွေ၊ ညဥ့်နက် သန်းခေါင်အထိ အလုပ်လုပ်ရသူတွေ၊ ကိုယ်အပူချိန်မြင့်မားသူတွေ၊ ခန္ဓာကိုယ် စွမ်းအားကျဆင်းနေသူတွေ အသုံးပြုသင့် တယ်။

ဂျင်ဆင်းကို အားဆေးအနေနဲ့ အိမ်မှာပြုလုပ် စားသုံးနိုင်ပါသလား။
ဂျင်ဆင်းကို တချို့က ပါးပါးလှီးပြီး တော့ အရက်နဲ့စိမ်သောက်တယ်။ တချို့ ကလည်း ပျားရည်နဲ့စိမ်ပြီး အားဆေး အဖြစ် သုံးတယ်။ ပါးပါးမလှီးခင်မှာ ဂျင် ဆင်းကို မီးနဲ့ကင်လိုက်ရင် ဂျင်ဆင်းက ပျော့သွားပြီးတော့ လှီးရတာလွယ်ကူသွား လိမ့်မယ်။ တချို့ကလည်း ကြက်သားနဲ့ ပေါင်းစားတယ်။

No comments: