Sunday, September 2, 2007

စွဲမက်ဖွယ်ရာဒီဟင်းလျာ




ထိုင်းဆန်ခေါက်ဆွဲကြော်ဆိုတာ ဘန် ကောက်က လမ်းဘေးဆိုင်တွေမှာ ရောင်း ချလေ့ရှိတဲ့ အစားအစာတစ်မျိုးဖြစ်ပါ တယ်။ ဆန်ခေါက်ဆွဲကြော်ကို ပေါ့ပေါ့ ပါးပါးစားစရာတစ်မျိုးအဖြစ် အမျိုးသား၊ အမျိုးသမီးတိုင်း နှစ်သက်စွာစားလေ့ရှိပါ တယ်။ ထိုင်းဆန်ခေါက်ဆွဲကြော်ကို ဟင်း သီးဟင်းရွက်၊ ပုစွန်စတာတွေနဲ့ ကြော်လေ့ ရှိပြီး ကြိုက်နှစ်သက်သူတွေက တိုဟူး ထည့်လေ့ရှိပါတယ်။ပါဝင်ပစ္စည်းများသံပရာသီး ၁ လုံးကြက်ဥ ၁ လုံးငါးအရသာဆော့စ် စားပွဲဇွန်း လေးဇွန်းနုပ်နုပ်စဉ်းထားသောကြက်သွန်ဖြူ ၃ ဥငရုတ်ကောင်း စားပွဲဇွန်း တစ်ဝက်ပါးပါးလှီးထားသောကြက်သွန်မြိတ် ၂ ပင်သကြား စားပွဲဇွန်း ၂ ဇွန်းမန်ကျည်းနှစ် စားပွဲဇွန်း ၂ ဇွန်းထိုင်းဆန်ခေါက်ဆွဲ ပါကင်ဝက်ဟင်းရွက်ဆီ စားပွဲဇွန်း ၂ ဇွန်းအခွံချွတ် သန့်စင်ပြီးပုစွန် ၁၀ သားတိုဟူး ၁၀ သားခန့်မြေပဲ စားပွဲဇွန်း ၂ ဇွန်းပဲပင်ပေါက် ပန်းကန်လုံး တစ်လုံးစာ ဆန်ခေါက်ဆွဲတွေကို ရေနွေးနွေးမှာ ၁၅ မိနစ်လောက်စိမ်ထားပါ။ တိုဟူးတွေ ကို တစ်လက်မ အရွယ်အတုံးငယ်များ တုံးပါ။ ပဲပင်ပေါက်ကို တစ်ဝက်ခွဲပြီး ဖယ် ထားပါ။ ဒယ်အိုးခပ်ကြီးကြီးတစ်ခုကို မီးပြင်း ပြင်းနဲ့အပူပေးပါ။ ဆီထည့်ပါ။ ဆီဆူလာ ရင် မြေပဲထည့်ကြော်ပါ။ မြေပဲကျက် သွားရင် ခဏဖယ်ထုတ်ထားပြီး ကြက် သွန်မြိတ်၊ ကြက်သွန်ဖြူ၊ တိုဟူးစတာတွေ ထည့်ပြီး အညိုရောင်သန်းလာအောင် ကြော်ပါ။ ဆန်ခေါက်ဆွဲတွေ ပျော့ပျောင်း လာတဲ့အခါ ရေခဏစစ်ထားပါ။ ရေစစ် သွားတဲ့အခါ ဒယ်အိုးထဲထည့်ပြီး အိုး မကပ်အောင်ကြော်ပါ။ ခေါက်ဆွဲမာနေ ရင် နေအနည်းငယ်ဖျန်းပြီး ကြော်ပေးနိုင် ပါတယ်။ မန်ကျည်းနှစ်၊ သကြား၊ ငါးအရ သာဆော့စ်၊ ငရုတ်သီးမှုန့်၊ ငရုတ်ကောင်း မှုန့်တွေထည့်ပြီး ကြော်ပါ။ ဆန်ခေါက်ဆွဲ တွေကို ဘေးမှာကပ်ပြီးနေရာလွတ်သွား ရင် ကြက်ဥတစ်လုံးဖောက်ထည့်ပြီး မွှေ ကြော်ပါ။ ကြက်ဥကျက်သွားရင် ဆန် ခေါက်ဆွဲနဲ့ ပြန်ရောမွှေပေးပါ။ ပုစွန်ထည့် ကြော်ပါ။ တစ်ဝက်ခွဲထားတဲ့ ပဲပင်ပေါက် တွေထည့်ကြော်ပါ။ ဆန်ခေါက်ဆွဲတွေ နူးညံ့ပျော့ပျောင်းလာတဲ့အခါ ပန်းကန် ပြားပက်ပက်မှာ ပွဲပြင်ပါ။ ဆန်ခေါက်ဆွဲ





ယိုးဒယားသင်္ဘောသီးထောင်း







သင်္ဘောသီးထောင်းဟာ ထိုင်းအမျိုး သမီးတွေကြားမှာ ရေပန်းအစားဆုံးဟင်း လျာဖြစ်တယ်လို့ စစ်တမ်းကောက်ချက် တွေအရ သိရပါတယ်။ ထိုင်းမြောက်ပိုင်း အစားအစာဖြစ်တဲ့ သင်္ဘောသီးထောင်းကို ထမင်း၊ ၀က်သားသုပ် (laab)၊ အမဲသား သုတ်၊ မျှစ်သုပ်စတာတွေနဲ့ တွဲဖက်စားသုံး လေ့ရှိပါတယ်။ပါဝင်ပစ္စည်းများသကြား စားပွဲဇွန်း ၂ ဇွန်းသံပုရာရည် စားပွဲဇွန်း ၂ ဇွန်းခြစ်ထားတဲ့သင်္ဘောသီး ပန်းကန်လုံးတစ်လုံးကြက်သွန်ဖြူ ၁ ဥငါးအရသာဆော့ဖ် စားပွဲဇွန်း ၂ ဇွန်းပုစွန်ခြောက် စားပွဲဇွန်း ၁ ဇွန်းငရုတ်သီးစိမ်း ၂ တောင့်ခရမ်းချဉ်သီးမှည့် ၅ လုံးမြေပဲလှော် စားပွဲဇွန်း ၂ ဇွန်း ကြက်သွန်ဖြူကို အရင်ဆုံးသစ်သား ငရုတ်ဆုံထဲထည့်ထောင်းပါ။ ပဲသီးနဲ့ ခရမ်း ချဉ်သီးတွေကို အရည်ထွက်လာအောင် ထည့်ထောင်းပါ။ ငရုတ် သီးစိမ်းထည့်ထောင်းပါ။ အစပ်အရသာ မကြိုက်တဲ့သူတွေကတော့ ငရုတ်သီးစိမ်း ထည့်လေ့မရှိပါဘူး။ အဲဒီနောက် သင်္ဘော သီး၊ ပုစွန်ခြောက်၊ မြေပဲ၊ ငါးအရသာ ဆော့စ်၊ သံပရာရည်၊ သကြားစတာတွေ ရောထောင်းပါ။ ဒါဆိုရင်တော့ သင်္ဘော သီးထောင်းပြုလုပ်ပုံအဆင့်ဆင့်ပြီးပြီဖြစ် ပါတယ်။ သင်္ဘောသီးထောင်းကို ပုစွန်ခြောက်နဲ့တစ်မျိုး၊ ကဏန်းအသား ခြောက်နဲ့တစ်မျိုး နှစ်မျိုးနှစ်စားပြုလုပ်စား သုံးလေ့ရှိပါတယ်။ ပွဲပြင်တဲ့အခါမှာ သင်္ဘောသီးထောင်း ပန်းကန်ထဲကို ပဲသီးတောင့်၊ ထက်ခြမ်း ခြမ်းထားတဲ့ ခရမ်းချဉ်သီးတွေနဲ့ အလှ ဆင်တွဲဖက်စားလေ့ရှိပါတယ်။




ကဏန်းစွပ်ပြုတ်

ကိုရီးယားဇာတ်လမ်းတွဲတွေ မြန်မာ ပရိသတ်ရဲ့ ရင်ထဲထိုးဖောက်နေရာ ယူလာသလို စားသောက်ခန်းတွေ ခဏ ခဏပါတဲ့အတွက် ကိုရီးယားဟင်းလျာ တွေကလည်း ပရိသတ်စိတ်ဝင်စားစရာ ဖြစ်လာပါတယ်။ ဒါကြောင့် ကိုရီးယား ဟင်းလျာတွေထဲက ကဏန်းစွပ်ပြုတ်ချက် ပြုတ်နည်းကို ဖော်ပြထားပါတယ်။ ပင် လယ်စာကို အမျိုးမျိုးချက်ပြုတ်စား သောက်လေ့ရှိတဲ့ ကိုရီးယားတွေရဲ့ နှစ် ခြိုက်စရာ ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

ပင်လယ်ကဏန်း -၂ကောင်

ငါးပါးနီ(သို့)နှစ်သက် ရာပင်လယ်ငါးတစ်မျိုး-၃၀ ကျပ်သား

မုန်လာဥနီ -၆၀ ကျပ်သား

ကျောက်ဖရုံသီး- ၅၀ ကျပ်သား

ကြက်သွန်နီ- ၃ လုံး

ငရုတ်သီးအနီ၊အစိမ်း- ၄ တောင့်

ပင်လယ်ရေညှိ -အနည်းငယ်

ကြိတ်ထောင်းထားသော ကြက်သွန်ဖြူ- စားပွဲဇွန်း ၂ ဇွန်း

ပဲပိစပ်အနှစ် -စားပွဲဇွန်း၁ဇွန်း

ဆား -အနည်းငယ်

ငါးပါးနီကို သင့်တော်ရုံခုတ်ထစ်ပြီး ပင်လယ်ရေညှိနဲ့ရောပြုတ်ပါ။ ကဏန်းကို ဆေးကြောသန့်စင်ပြီး အရွယ်တော်အတုံး များ ပိုင်းပါ။ မုန်လာဥနီတွေနဲ့ ကျောက် ဖရုံသီးတွေကိုလည်း သင့်တော်တဲ့အရွယ် တွေ (ခပ်ထူထူအတုံးတွေ)တုံးထားပါ။ ကြက်သွန်နီတွေကို တစ်ကိုက်စာအရွယ် တွေ လှီးထားပါ။ ငရုတ်သီးအစိမ်းနဲ့ အနီ တောင့်တွေကိုလည်း ခပ်ရွယ်ရွယ်လှီးထား ပါ။
ပဲပိစပ်အနှစ်ကို ရေနဲ့ ခပ်ပျစ်ပျစ် ဖျော်ထားပါ။ ငါးပါးနီနဲ့ ပင်လယ်ရေညှိ ပြုတ်ထဲကို ပဲပိစပ်အနှစ်ရောထည့်ပြီး မွှေ ပါ။ မုန်လာဥနီထည့်ပြီး ဆူလာအောင် တည်ပါ။ ဟင်းရည်ဆူလာတဲ့အခါ ငရုတ် သီး၊ ကျောက်ဖရုံ၊ ကြက်သွန်နီဥ၊ ကဏန်း၊ ဆားစတာတွေထည့်ပြီး ၁၅မိနစ်ခန့် တည် ပါ။ ဒါဆိုရင်တော့ ကိုရီးယားဟင်းလျာ ကဏန်းစွပ်ပြုတ်ကို အရသာရှိရှိခံစားနိုင် ပြီ ဖြစ်ပါတယ်။



ဝက်သားသုပ်(Laab)

Laab ဟာ ထိုင်းလူမျိုးတွေ ကြားမှာ ရေပန်းစားတဲ့နေ့လယ်စာတစ် မျိုးပါ။ ပြုလုပ်ရတာလွယ်ကူသလို အရ သာကလည်း ထူးခြားကောင်းမွန်မှုရှိပါ တယ်။ ကလေးတွေနှစ်သက်တဲ့ ဟင်းလျာ တစ်မျိုးလည်းဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ

သကြား -စားပွဲဇွန်း ၁ ဇွန်း

ပါးပါးလှီးထားသော ၀က်သား -၂၀ သား

ပဲငံပြာရည်အကြည် -စားပွဲဇွန်း ၂ ဇွန်း

ပါးပါးလှီးထားသောကြက်သွန်ဖြူ -၂ ဥ

ဆန်ပြားခေါက်ဆွဲ -၂၅ ကျပ်သား

ကြက်ဥ- ၁ လုံး

ပဲငံပြာရည်အပျစ် -စားပွဲဇွန်း ၁ ဇွန်း

တရုတ်ပန်းဂေါ်ဖီအစိမ်း -၂၅ ကျပ်သား

တိုဟူး -၂ တုံး

ဆန်ပြားခေါက်ဆွဲတွေကို သုံးလက်မ လောက် အရွယ်တွေ လှီးဖြတ်ထားပါ။ တရုတ်ပန်းဂေါ်ဖီတွေကိုလည်း ခေါက်ဆွဲ နဲ့အရွယ်တော်လှီးထားပါ။
ဒယ်အိုးကိုအပူပေးပြီး ဆီနှစ်ဇွန်း လောက်ထည့်ပါ။ ပါးပါးလှီးထားတဲ့ ကြက် သွန်ဖြူထည့်ပြီး ဆီသတ်ပါ။ ကြက်သွန်ဖြူ ဆီသတ်နံ့မွှေးလာရင် ၀က်သား ထည့် ချက်ပါ။ ၀က်သားတွေအညိုရောင်သန်းပြီး ကျက်လောက်ရင် ဆန်ပြားတွေ ထည့် ကြော်ပါ။ ပဲငံပြာရည်အကြည်ထည့်ပါ။
အပေါ့အငန်အရသာအဖြစ် ဆား နဲ့သကြားထည့်ပါ။ ကြက်ဥကိုခေါက်ပြီး ထည့်ပါ။ သမအောင်မွှေပါ။ တရုတ်ဂေါ်ဖီ ထုပ်အစိမ်းတွေရောထည့်ပါ။ ဂေါ်ဖီကျက် လောက်ရင် ပန်းကန်ပြားပက်ပက်နဲ့ ပြင် ပြီးအပေါ်က ငရုတ်ကောင်းမှုန့်ဖြူးပြီးရင် စားဖို့အသင့်ပါပဲ။

No comments: