Tuesday, September 11, 2007

ဆယ်ကျော်သက်တွေ အဆီပြန်တတ်တဲ့ ဆံပင်ကို ဘယ်လိုထိန်းသိမ်းမလဲ

ဆယ်ကျော်သက်တွေ အဆီပြန်တတ်တဲ့ ဆံပင်ကို ဘယ်လိုထိန်းသိမ်းမလဲ

တချို့လူတွေရဲ့ဆံပင်သားဟာ ဆယ် ကျော်သက်အရွယ်မှာ အဆီပြန်လေ့ရှိပါ တယ်။ ဆံပင်အမြစ်အိတ်ထဲက အဆီ ထုတ်ဂလင်းတွေကြောင့် ဆံပင်သားနဲ့ အရေပြားကို အဆီပြန်စေလို့ပါပဲ။ အထူး သဖြင့် မြီးကောင်ပေါက် အရွယ်တွေမှာ အဆီထုတ်ဂလင်းတွေက ပိုတက်<ကလှုပ် ရှားလာပြီး အဆီကိုလိုအပ်တာထက် ပို ထုတ်တဲ့အတွက် ၀က်ခြံပေါက်ခြင်းနဲ့ ဆံ ပင်သားအဆီပြန်ခြင်းတွေ ဖြစ်တတ်ပါ တယ်။ ဒါဟာ ခေတ္တသာဖြစ်ပြီး အရွယ် ရောက်ချိန်မှာ ပုံမှန်ပြန်ဖြစ်သွားလေ့ရှိပါ တယ်။ ဆယ်ကျော်သက်အရွယ် အဆီပြန် ဆံပင်ကို တစ်နေ့တစ်ခါလျှော်ပေးလေ့ရှိ တတ်ပါတယ်။ ဒီနေရာမှာ သတိထားရမှာ ကတော့ အကြိမ်ရေ ဘယ်လောက်လျှော် လျှော် စိုစွတ်နေတဲ့ဆံပင်ကို နူးနူးညံ့ညံ့ ကိုင်တွယ်မယ်ဆိုရင် ဘာပြဿနာမှ မရှိ ပါဘူး။ ခေါင်းလျှော်ရည်သုံးတဲ့အခါမှာတော့ အဆီပြန်တတ်တဲ့ ဆံပင်သားအတွက် သီး သန့်ထုတ်ထားတဲ့ ခေါင်းလျှော်ရည်အစား အပျော့စားခေါင်းလျှော်ရည်သုံးသင့်ပါ တယ်။ တချို့လူတွေက ပေါင်းစပ်ဆံပင် အမျိုးအစားရှိတတ်ပါတယ်။ ဆံပင်အရင်း မှာ အဆီပြန်ပြီး အဖျားခြောက်တဲ့၊ နူးညံ့ တဲ့ဆံပင်မျိုးရှိနေရင်တော့ အဆီပြန်တတ် တဲ့ ဆံပင်သားအတွက် ထုတ်ထားတဲ့ ခေါင်းလျှော်ရည်က အကျိုးမရှိဘဲ အပြစ် တောင်ဖြစ်နိုင်ပါသေးတယ်။ ဆံပင်ပျော့ ဆေးသုံးမယ်ဆိုရင်တော့ အဆီပြန်တဲ့ ဆံ သားအတွက်ထုတ်ထားတဲ့ ပျော့ဆေးကို သုံးနိုင်ပါတယ်။

No comments: