Monday, September 3, 2007

မိုးရာသီနှင့် တုပ်ကွေးရောဂါ





မိုးရာသီနှင့် တုပ်ကွေးရောဂါ

တရုတ်တိုင်းရင်း သမားတော် ဆရာဦးထွန်းလွင် (အထွေထွေရောဂါကု)နှင့်တွေ့ ဆုံခြင်း


တုပ်ကွေးရောဂါကို တရုတ်တိုင်းရင်း ဆေးအမြင်နဲ့ ရှင်းပြပေးပါ။
တုပ်ကွေးရောဂါက ရာသီအလိုက် ကွဲပြားပါတယ်။ နွေ၊ မိုးနဲ့ ဆောင်းရာသီ မှာဖြစ်တဲ့ တုပ်ကွေးရဲ့ သဘောသဘာဝ ချင်းကွဲပြားမှုရှိတယ်။ မိုးရာသီမှာဖြစ်တဲ့ တုပ်ကွေးဟာ စိုထိုင်းဆကြောင့်ဖြစ်တဲ့အ တွက် ကျန်တဲ့တုပ်ကွေးတွေနဲ့ အနည်းငယ် ကွာခြားမှုရှိတယ်။

တုပ်ကွေးရောဂါရဲ့ လက္ခဏာတွေ ကို ပြောပြပေးပါ။

တုပ်ကွေးဝင်လာပြီဆိုတာ မျက်ရိုး တွေစကိုက်လာပြီး နှာရည်ကျတဲ့ လက္ခဏာတွေ ပေါ်လာပါတယ်။ တုပ် ကွေးရောဂါပိုးဝင်သွားရင် အသက်ရှူ လမ်းကြောင်း၊ လေရှူ>ပန်တွေကို ရောင် ရမ်းစေတဲ့အတွက် ချောင်းဆိုးခြင်းကိုပါ ခံစားရလေ့ရှိပါတယ်။ နောက်တစ်ခုက အစာအိမ်နဲ့ အတွင်းကလီစာတွေကိုပါ ရောင်ရမ်းစေတဲ့ သဘာဝရှိတဲ့အတွက် အစာစားတဲ့အခါ အန်ချင်တာတို့၊ မစား ချင်၊ မသောက်ချင်ဖြစ်တာတို့ အစာမကြေ တာတို့ စတဲ့ အစာအိမ်ဝေဒနာကိုပါ ခံစားရစေတယ်။

တုပ်ကွေးဖြစ်လာရင် ဘယ်လိုအ စားအသောက်အနေအထိုင် ဆင်ခြင် ရမလဲ။
တုပ်ကွေးဖြစ်လာရင် ဖြစ်လေ့ဖြစ် ထရှိတဲ့ ရောဂါဆိုပြီး ပေါ့ပေါ့ဆဆမနေ သင့်ပါဘူး။ အအေးလွန်ကဲစေမယ့် အစား အစာတွေကို ရှောင်ကြဉ်ရပါမယ်။ အထူး သဖြင့် လက်လုပ်ချဉ်ကို လုံးဝမစားသင့်ပါ ဘူး။ လက်လုပ်ချဉ်ဟာ တုပ်ကွေးရောဂါ ကို ပိုမို ဆိုးရွားစေနိုင်ပါတယ်။ အိပ်တဲ့ အခါမှာ လေ၀င်လေထွက်ကောင်းတဲ့ ဇာခြင်ထောင်မျိုးနဲ့ အိပ်သင့်ပါတယ်။ တရုတ်တိုင်းရင်းဆေးအမြင်အရ လူနာ ဟာ အပူချိန်တအားတက်လာရင် တစ် ကိုယ်လုံးကို ရေနွေးနွေးနဲ့ ရေဖတ်တိုက် ပေးရပါတယ်။

တရုတ်တိုင်းရင်းဆေးနဲ့ တုပ်ကွေး ရောဂါကုသပုံလေး ပြောပြပေးပါဦး။
ကုသပုံ ကုသနည်းက လူနာရဲ့ အ နေအထားပေါ်မူတည်ပြီး အမျိုးမျိုးရှိပါ တယ်။ တစ်သမတ်တည်းပြောလို့မရပါ ဘူး။ ရာသီဥတုအပေါ်မှာလည်း မူတည်ပါ တယ်။ မိုးရာသီမှာဖြစ်တဲ့ တုပ်ကွေးဆိုရင် အစိုဓာတ်ထုတ်ပစ်နိုင်တဲ့ အစွမ်းရှိတဲ့ဆေး ၀ါးတွေ၊ အစာအိမ်အမြှေပါးရောင်တာ၊ အသက်ရှူ>ပန်ရောင်တာတွေ သက်သာဖို့ အတွက် ဆေးဝါးတွေအသုံးပြုရပါတယ်။ နောက်တစ်ခုက လူနာမှာရှိနေတဲ့ တခြား ရောဂါတွေအပေါ်မှာလည်း မူတည်ပါ တယ်။ ဥပမာ လူနာဟာ အစာအိမ် ရောဂါ ရှိမယ်။ ဒါမှမဟုတ် အသည်း ရောဂါရှိမယ်ဆိုရင် တုပ်ကွေးရောဂါ ဆေး ၀ါးအပြင် အစာအိမ်ဆေး ဒါမှမဟုတ် အသည်းဆေးထည့်သွင်းပြီး ကုသရပါ တယ်။ နွယ်ချိုဟာ အစာအိမ်အတွက် ကောင်းပေမယ့် ကျောက်ကပ် ရောဂါရှိလို့ ခြေလက်တွေပါ ဖောရောင်နေတဲ့သူကို နွယ်ချိုကိုပမာဏထိန်းချုပ်၍ ပေးရပါ တယ်။ တရုတ် တိုင်းရင်းဆေးဟာ လက်ရှိ လူနာခံစားနေရတဲ့ ရောဂါကိုသာမကဘဲ တခြားရောဂါတွေကိုပါ ညှိနှိုင်းကုသပေး တာဖြစ်တဲ့အတွက် ရောဂါတစ်ခုကုသရင်း တခြားရောဂါတွေပါ ပျောက်ကင်းသွားနိုင် ပါတယ်။

တုပ်ကွေးရောဂါနဲ့ပတ်သက်ပြီး ပြည်သူကို အကြံပေးလိုတာများရှိရင် ပြောပေးပါ။
တုပ်ကွေးဟာ ရာသီပေါ်ရောဂါဆို ပြီး ဖြစ်လေ့ဖြစ်ထရှိတဲ့အတွက် ပေါ့ပေါ့ ဆဆမနေသင့်ပါဘူး။ ဦးခေါင်းနဲ့ခန္ဓာကိုယ် ကို မိုးမမိအောင်ဂရုစိုက်သင့်ပါတယ်။ အိပ်တဲ့အခါမှာလည်း စောင်မခြုံရင် တောင် ရင်ဘတ်နဲ့ဝမ်းဗိုက်ပေါ်ကို စောင် ပါးပါးတစ်ထည်တင်ပြီး အိပ်သင့်ပါတယ်။ တုပ်ကွေးရောဂါပျောက်ကင်းသွားတဲ့ အခါ မှာ ချောင်းဆိုး၊ အစာအိမ်၊ ကျောက်ကပ် ရောဂါနဲ့ အသည်းရောဂါတွေ ကျန်နေခဲ့ တတ်တဲ့အတွက် အမြစ်ပြတ်ကုသဖို့ အရေးကြီးတယ်လို့ ပြောကြားချင်ပါတယ်။

No comments: