Friday, September 7, 2007

တောင်ကွေး (Dong guai)






တောင်ကွေး (Dong guai)



တရုတ်တိုင်းရင်းဆေးပညာအရ တောင်ကွေးဟာ သွေးလည်ပတ်မှုကို အားကောင်းစေပါတယ်။ အမျိုးသမီး တွေကို သားအိမ်အားကောင်းစေပြီး မ ဟော်မုန်းဓာတ်ကို ညီညွတ်မျှတစေတဲ့အတွက် အမျိုးသမီးအားတိုးဆေး အဖြစ်သုံးပါတယ်။
အမျိုးသမီးတွေရဲ့ မျိုးပွားအင်္ဂါတွေမှာ ဖြစ်တတ်တဲ့ ရောဂါဝေဒနာတွေ ကုသဖို့အတွက် တရုတ်သမားတော် တွေ အဓိကသုံးတဲ့ဆေးဖြစ်ပါတယ်။ ဓမ္မတာ မမှန်ခြင်း၊ ထိမ်ခြင်း၊ ငုပ်ခြင်း၊ နာကျင်ကိုက်ခဲခြင်းတွေအတွက် အထူးအသုံးဝင် ပါတယ်။
အမျိုးသမီးရောဂါတွေဖြစ်တဲ့ ရာသီသွေးနဲ့ပတ်သက် ပြီး ဝေဒနာခံစားနေရတဲ့သူတွေ၊ သွေးဆုံးတိုင် ဝေဒနာရှင် တွေ၊ အားနည်းတဲ့သူတွေအတွက်သုံးပြီး အခု နောက်ပိုင်း တောင်ကွေးဟာ အမျိုးသမီးတွေအတွက် သာမက အမျိုးသားတွေအတွက်ပါ အကျိုးပေးတယ်လို့ ယူဆလာ ကြတဲ့အတွက် အမျိုးသားအားဆေးဖော်စပ်တဲ့အခါတွေ မှာပါ ထည့်သွင်းသုံးစွဲလာကြပါတယ်။ တောင်ကွေးဟာ အမျိုးသားတွေအတွက် သွေးအားနြဲ့ကွက်သားတွေကို အားပေးပါတယ်။

တောင်ကွေးအသုံးမပြုသင့်သူတွေ
တောင်ကွေးကို သွေးတိုးရောဂါရှိတဲ့သူတွေ၊ ကလေးမကြာခဏပျက်ကျတတ်သူတွေ မသုံးသင့်ပါဘူး။
တောင်ကွေးကို တရုတ်သမားတော်တွေက ဆေး အမျိုးမျိုးဖော်စပ်ရာမှာ ထည့်သွင်းသုံးစွဲကြသလို ကိုယ့် အိမ်မှာ ကိုယ်လွယ်လင့်တကူ သုံးစွဲနိုင်တဲ့နည်းလမ်းတွေ ရှိပါတယ်။ တောင်ကွေးအမြစ်ဥဟာ ရှားလည်းမရှား၊ ဈေး လည်းမကြီးတဲ့အတွက် အရည်အသွေးကောင်းတဲ့ တောင်ကွေးတွေကို တရုတ်ပရဆေးဆိုင်တွေမှာ ၀ယ်ယူ ရရှိနိုင်ပါတယ်။

တောင်ကွေးကို အလွယ်တကူ ဘယ်လိုသုံးမယ်

၁။ တောင်ကွေးအမှုန့်ကို ရေနွေးနဲ့သောက်လို့ရပါ တယ်။

၂။ တောင်ကွေးဥကို ပါးပါးလှီးပြီး အရက်နဲ့စိမ်သောက် နိုင်ပါတယ်။

၃။ နောက်တစ်မျိုးကတော့ ကြက်သားနဲ့ပေါင်းစားတဲ့ နည်းပါ။

ပေါင်းမယ့်အိုးထဲမှာ ရေထည့်ပြီးရေထဲမှာ ခပ်ကြီးကြီးဇလုံတစ်ခုထည့်ပါ။ ဇလုံကြီးထဲကိုမှ ပါးပါး လှီးထားတဲ့ တောင်ကွေးတစ်ခုထည့်ပြီး တောင်ကွေးတွေ အပေါ်က ဇလုံ (ဒါမှမဟုတ်) ပန်းကန်လုံးတစ်လုံးနဲ့အုပ် ပါ။ ဇလုံအကြီးထဲမှာ နေရာလွတ်ကျန်နေပါလိမ့်ဦးမယ်။ ဇလုံကြီးထဲက တောင်ကွေးကိုအုပ်ထားတဲ့ ပန်းကန်လုံးရဲ့ ပတ်လည်မှာ ခုတ်ထစ်ထားတဲ့ ကြက်သားခြောက် ဆယ် သားလောက်ကို စီစီရီရီထည့်ပါ။ ကြက်က အိမ်ကြက်၊ ကြက်အနက်ဆို ပိုအာနိသင်ရှိတယ်လို့ ဆိုပါတယ်။ ဇလုံ အကြီးတစ်ခုလုံးကို အုပ်စရာတစ်ခုခုနဲ့ ထပ်အုပ်လိုက် ပါဦး။ ပြီးတော့မှပေါင်းမယ့်အိုးရဲ့ အဖုံးကိုဖုံးလိုက်ပါ။ ဒီပုံစံအတိုင်း မနက်ကနေညနေအထိ တစ်နေ့လုံး ပေါင်း ပေးရပါတယ်။ ပေါင်းအိုးထဲက ရေခန်းသွားရင် ရေထပ် ထပ်ထည့်ပေးရပါမယ်။ ဒီဆေးရည်ကို ညအိပ်ရာဝင်ခါနီး သောက်သုံးပေးနိုင်ပါတယ်။

No comments: