Tuesday, September 11, 2007

Nordic Walking

Nordic Walking ဆိုတာ ဖင်လန် နိုင်ငံကစတင်ခဲ့တာဖြစ်ပြီး သူတို့ဆီမှာ အမျိုးသားကျန်းမာရေးအနေနဲ့ ဒီလမ်း လျှောက်နည်းကို ပြုလုပ်ကြပါတယ်။ ခု နောက်ပိုင်း ဥရောပမှာလည်း ဒီလမ်း လျှောက်နည်းခေတ်စားလာပြီးြNordic walking နည်းအသုံးပြုပြီး လမ်းလျှောက် လေ့ကျင့်ခန်းပြုလုပ်သူ ဦးရေ ငါးသန်း လောက်ရှိလာပြီလို့ဆိုပါတယ်။

ဘာအကျိုးကျေးဇူးတွေရနိုင်လဲ

Nordic Walking ဟာ ခန္ဓာကိုယ်မှာ ရှိတဲ့ အရိုးနဲ့<ကက်သား ၉၀ ရာခိုင်နှုန်း အသုံးပြုရတဲ့ လမ်းလျှောက်နည်းဖြစ်ပြီး ရိုးရိုးလမ်းလျှောက်တာထက် ကယ်လိုရီ လောင်ကျွမ်းမှုပိုပါတယ်။ ပိုက်လုံုးကို အသုံးပြုပြီး နောက်ကျောနဲ့လက်မောင်း တွေကို လှုပ်ရှားရတဲ့အတွက် ကုပ်သားနဲ့ ပခုံးတွေက ပြေလျော့စေပါတယ်။ သိပ္ပံ နည်းကျ လေ့လာမှုတွေအရြNordic Walking ဟာ နှလုံး၊ အဆုတ်နဲ့ ခန္ဓာ ကိုယ်ကို အကျိုးပြုပြီး သာမန်လမ်း လျှောက်တာလောက်တောင် မပင်ပန်းဘူး လို့ဆိုပါတယ်။ ဘယ်လိုလျှောက်မလဲ

ပိုက်တံ နှစ်ချောင်းရှိရင်လျှောက်ဖို့ အဆင့်သင့်ဖြစ်ပါပြီ၊ ရိုးရိုးလမ်းလျှောက် သလိုပါပဲ။ ကွဲပြားမှုမရှိပါဘူး။ ခြေလှမ်း တွေကိုတော့ ခါတိုင်းထက်ပို ကျယ်ကျယ် လှမ်းပေးပါ။ ခြေတစ်လှမ်းလှမ်းတိုင်း ပိုက်တံတွေကို ဆန့်ကျင်ဘက် တွန်းပေး ပါ။ (ဥပ မာ-ဘယ်ခြေနဲ့ ညာလက်၊ ညာ ခြေနဲ့ ဘယ်လက်) စတင်လေ့ကျင့်ခါစမှာ သက်သောင့်သက်သာပဲ ပြုလုပ်ပါ။ ပြင်း ပြင်းထန်ထန်အားမစိုက်ပါနဲ့။ ပခုံးတွေကို သက်တောင့်သက်သာအတိုင်း လှုပ်ရှား ပေးပါ။

No comments: