Friday, September 7, 2007

ငှက်ကုလားအုတ်အဆီက ဆံပင်နဲ့ အရေပြားအတွက် အကောင်းဆုံး


ငှက်ကုလားအုတ်အဆီက ဆံပင်နဲ့ အရေပြားအတွက် အကောင်းဆုံး တစ်ချိန်တုန်းက ငှက်ကုလားအုတ် အမွေးတွေကို ဦးထုပ်နဲ့ ဂါဝန်တွေမှာ အလှ ဆင်ဖို့ သုံးစွဲခဲ့ကြရာက အခုအခါမှာ ငှက် ကုလားအုတ်အဆီကို ဆံကေသာနဲ့ အသားအရေလှပမှုအတွက် သုံးစွဲလာကြ ပါတယ်။ ငှက်ကုလားအုတ်ရဲ့အသားဟာ ပရို တင်းပါဝင်မှုနှုန်း မြင့်မားပြီး အဆီနဲ့ ကယ်လိုရီပါဝင်မှု လျော့နည်းပါတယ်။ ငှက်ကုလားအုတ်အဆီကတော့ ဆံကေ သာနဲ့ အသားအရေကို အကျိုးပြုတယ်လို့ ဆိုလာကြပါတယ်။ ငှက်ကုလားအုတ်အဆီမှာပါဝင်တဲ့ မော်လီကျူးတွေဟာ လူ့အရေပြားနဲ့ ဆင် တူတဲ့အတွက် အရေပြားထဲကို အလွယ် တကူ စိမ့်ဝင်စေပြီး ချွေးပေါက်တွေကို လည်း မပိတ်စေဘူးလို့ သိရပါတယ်။ မလေးရှားက ငှက်ကုလားအုတ် အဆီနဲ့ အလှကုန်ပစ္စည်းတွေ ထုတ်လုပ် နေတှဲ့.ှ အေဘရာဟမ်က ]]ကလီယို ပါထရာနဲ့ ရှီးဘားဘုရင်မတို့ဟာ ပူပြင်း ခြောက်သွေ့တဲ့ သဲကန္တာရရဲ့ ရာသီဥတု အတွင်းမှာ ငှက်ကုလားအုတ်အဆီနဲ့ သူတို့ရဲ့အလှအပကို ထိန်းသိမ်းခဲ့တယ်}} လို့ ပြောကြားပါတယ်။ ]]ငှက်ကုလားအုတ်အဆီဟာ ဒဏ် ရာတွေကို အကျက်မြန်စေပြီး အရေပြား ယားယံတာတွေ၊ အဖုအကျိတ်တွေကို သက်သာစေတယ်၊ ၀က်ခြံရှိတဲ့သူတွေ၊ ဆီး ချိုရောဂါ၊ ဂေါက်ရောဂါဝေဒနာရှင်တွေ အတွက် ငှက်ကုလားအုတ်အဆီက သိပ် ကောင်းပါတယ်။ အခုဆိုရင် ကမ္ဘာနဲ့ တစ်ဝန်းမှာ သုံးစွဲနေကြပါပြီ}} လို့ ၎င်းင်းက ဖြည့်စွက်ပြောကြားခဲ့ပါတယ်။ မလေးရှားနိုင်ငံမှာ ငှက်ကုလားအုတ် အဆီကနေ မျက်နှာအလှအပဆိုင်ရာ ထုတ်ကုန်တွေ၊ ဆံကေသာအလှကုန်နဲ့ ရေချိုးခန်းသုံး အလှအပထုတ်ကုန်တွေ အတွက် ငှက်ကုလားအုတ်အဆီနဲ့ စတင် ထုတ်လုပ်နေပြီး ဒီထုတ်ကုန်တွေဟာ မလေးရှားငွေ ၁၂ ရင်းဂစ်ကနေ ၄၈ ရင်း ဂစ်အထိ ဈေးနှုန်းရှိတယ်လို့ သိရပါတယ်။

No comments: