Tuesday, September 11, 2007

ရုတ်တရက်သွားကျိုးခဲ့ရင် ဘာလုပ်ရ မလဲ

ရုတ်တရက်သွားကျိုးခဲ့ရင် ဘာလုပ်ရ မလဲ


ငယ်သွားလဲပြီးသား သွားတွေရုတ်တ ရက်ထိခိုက်မှု တစ်ခုခုကြောင့် ကျွတ်သွား ခဲ့ရင် ဒီသွားကိုပြန်စိုက်ဖို့ (မူလအတိုင်း ပြန်တပ်ဆင်ဖို့) သိပ်အရေးကြီးပါတယ်။ သွားကျွတ်သွားခဲ့ရင် -
(၁) ကျွတ်သွားတဲ့သွားကိုတွေ့အောင် ရှာပါ။
(၂) သွားကိုထိပ်ဖျားကနေကိုင်ပါ။ အမြစ် က မကိုင်ပါနဲ့။
(၃) ဆားရည် ဒါမှမဟုတ် နို့ရည်နဲ့ ညင် ညင်သာသာဆေးပါ။ (ပိုက်ကလာတဲ့ ရေကတော့ ကလိုရင်းဓာတ်ပါဝင်လို့ သွား ကို ပျက်စီးစေပါတယ်)
(၄) သွားဆရာဝန်ဆီ မရောက်မချင်း သွားကို မခြောက်သွေ့အောင် နို့ရည်နဲ့ စိမ်ထားပါ။
(၅) နီးစပ်ရာသွားဆရာဝန်ဆီကို နို့ရည် စိမ်ထားတဲ့သွားပါတစ်ပါတည်းယူပြီး သွား ရောက်ပြသပါ။

No comments: