Thursday, September 6, 2007

စိတ်ဖိစီးမှုပြေလျော့စေရာ အဖြေရှာ


စိတ်ဖိစီးမှုပြေလျော့စေရာ အဖြေရှာ


စိတ်ဖိစီးမှုဟာ ကာယ ၊ ဥာဏလုပ်သား ထုရဲ့ ငါးပုံတစ်ပုံကို သက်ရောက်လျက် ရှိတယ်လို့ ဗြိတိသျှ The Stress Management Society ရဲ့ အဆိုအရ သိရပါတယ်။ လတ်တလော စစ်တမ်းကောက်ချက်တွေအရ စိတ်ဖိစီးမှု ဟာ တစ်လမှာ နှစ်ကြိမ်ကနေ သုံးကြိမ် အထိ ဖြစ်ပေါ်ခံစားရလေ့ရှိနေတာကို တွေ့ရပါတယ်။ သင်ရဲ့ စိတ်ဖိစီးမှုအရှိန် အဟုန်ကို လျှော့ချဖို့အတွက် နည်းလမ်း ကောင်းတချို့ကို ဖော်ပြလိုက်ပါတယ်။


အနည်ထိုင်ပါစေ

သင့်စိတ်ကို အနည်ထိုင် တည်ငြိမ်စေ ဖို့ အနှိပ်ခံခြင်း၊ အိပ်မွေ့ချကုထုံးဖြင့် ကုသ ခြင်း၊ ယောဂကျင့်စဉ် စတာတွေပြုလုပ် ပေးပါ။


ဒီလိုစားသောက်ပါ

စိတ်ဖိစီးမှုကို ရှောင်လွှဲဖို့ ကော်ဖီခါးခါး၊ ချောကလက်၊ ၀ီစကီ စတာတွေကို မှီဝဲခြင်းဟာ ကောင်းမွန်တဲ့ အကြံဥာဏ် တွေမဟုတ်ပါဘူး။ ဓာတ်စာစားခြင်း (diet) ကတော့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်း ဆိုင်ရာနှစ်ခုစလုံးအတွက် အကျိုးရှိစေပါ တယ်။ ကဖင်းဓာတ်၊ သကြားဓာတ်၊ နီကို တင်းဓာတ်နဲ့ အရက်အလွန်အကျွံသောက် ခြင်းတွေကို လျှော့ချလိုက်ပါ။ ဒါတွေ အစား သတ္တုဓာတ်<ကယ်ဝတဲ့ အစားအ စာတွေ အကျင့်လုပ်စားသုံးဖို့ ကြိုးစား ကြည့်ပါ။ ဥပမာ-မနက်စာအဖြစ် နို့ဆန် ပြုတ် (Porridge)) သောက်ပေးပါ။ အစိမ်းရောင်ရှိတဲ့ အသီးအရွက်တွေ၊ ပဲအမျိုးမျိုး(Nuts)၊ အစေ့အဆန်တွေ (Seeds) ၊ ဆန်လုံးညို (Whole grains) နဲ့ ပဲသီး၊ ပဲတောင့် (Pulses) တွေဟာ သတ္တုဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။


လေ့ကျင့်ခန်း နည်းနည်းလောက်လုပ် ပါ။

လေ့ကျင့်ခန်းနည်းနည်းပြုလုပ်ခြင်း ဟာ စိတ်ဖိစီးမှုကို လျော့ပါးသက်သာစေ ပါတယ်။ လေ့ကျင့်ခန်း အပြင်းအထန်လုပ် ခြင်းကတော့ စိတ်ဖိစီးမှုကို မလျော့ပါးစေ တဲ့အပြင် ပိုတွန်းအားပေးပါတယ်။ လမ်း လျှောက်ခြင်း၊ ရေကူးခြင်းနဲ့ ယောဂကျင့် ခြင်းတွေကါပာ ကစားတာထက် ပိုသင့် လျော်ပါတယ်။


မကြာခဏ အားပါးတရ ရယ်ပါ

ရယ်တဲ့အလေ့အထဟာ စိတ်ဖိစီးမှုကို သက်သာကျဆင်းစေပါတယ်။ မကြာခဏ ရယ်မောပေးခြင်းကြောင့် ခန္ဓာကိုယ်ကို လှုပ်ရှားတက်ကြွစေပြီး ဝေဒနာတွေကို လျော့ပါးစေတယ်။ ခန္ဓာကိုယ်ကို ရောဂါ ကင်းစေပါတယ်။


အောင်မြင်မှုကို စိတ်ကူးပါ

မဖြစ်သေးတာတွေ၊ မအောင်မြင်သေး တာတွေ၊ ဆုံးရှုံးမှုတွေကို တွေးမယ့်အစား ကိုယ်လိုချင်တာတွေရပြီ၊ အလုပ်တွေ အောင်မြင်ပြီးဆုံးသွားပြီ၊ ညဘက်မှာ ကောင်းကောင်းအိပ်မယ်၊ သက်သောင့် သက်သာအနားယူမယ်လို့ တွေးပါ။

1 comment:

saiaungkyawmoe said...

IT everybody should to read , now a day everybody meet it . but They don't know how to overcome by easly way .