Friday, September 7, 2007

အပျို၊ လူပျိုဖော်ဝင်စ အချိန်မှာ အရပ်ရှည်ပြီး သွေးသားသန့်စင်စေဖို့



အပျို၊ လူပျိုဖော်ဝင်စ အချိန်မှာ အရပ်ရှည်ပြီး သွေးသားသန့်စင်စေဖို့ အပျို၊ လူပျိုဖော်ဝင်စအချိန်ဖြစ်တဲ့ ၁၄၊ ၁၅ နှစ်အရွယ်တွေမှာ သွေးသားပြောင်း လဲတာ၊ အသံတွေအောလာတာ ဖြစ်လေ့ ရှိပါတယ်။ ဒီလိုအချိန်မှာ အောလာတဲ့ အသံတွေပြန်ကြည်ပြီး သွေးသားသန့်စင် အောင်၊ အရပ်ရှည်ထွားကျိုင်းလာအောင် တရုတ်ရိုးရာတိုင်းရင်းဆေးနည်းလမ်းတစ် ခု ဖော်ပြလိုက်ပါတယ်။ ဒါပေမဲ့ ဒီဆေး ကို ဓမ္မတာလာစဉ်မှာသောက်ရင် ချုပ် တတ်တဲ့အတွက် မသောက်သုံးသင့်ပါဘူး။ ပရထရန်ချိနဲ့ ဗမာကြက် ၆၅ ကျပ် သားလောက်လိုအပ်ပါတယ်။ ထရန်ချိဆို တာ တရုတ်ပရဆေးတစ်မျိုးဖြစ်ပြီး တရုတ်ပရဆေးဆိုင်တွေမှာ ၀ယ်ယူရရှိ နိုင်ပါတယ်။ တစ်ကျပ်သားကို ကျပ် ၂၀၀၀ ၀န်းကျင်ရှိပါတယ်။ ထရန်ချိ တစ် ကျပ်သားကို သုံးလေးကြိမ်ခွဲပြီး ဆေးဖော် စပ်သောက်သုံးနိုင်ပါတယ်။ဆေးဖော်စပ်နည်းကတော့ ပေါင်းအိုးကြီးကြီးထည့်မှာ ရေထည့် ပြီး ပန်းကန်လုံးခပ်ကြီးကြီး တစ်လုံးထည့် ပါ။ ပန်းကန်လုံးထဲကို တရန်ချိတစ်ခုထည့် ပြီးအပေါ်က ပန်းကန်လုံးအသေးတစ်လုံး အုပ်ထားပါ။ အုပ်ထားတဲ့ပန်းကန်လုံးရဲ့ ပတ်လည်မှာ ခုတ်ထစ်ထားတဲ့ ကြက်သား ၆၅ ကျပ်သားကို စီထည့်ပါ။ အဲဒီအပေါ် ကမှ ပန်းကန်လုံးတစ်ထပ်အုပ်ပါ။ ပြီးတဲ့ အခါ တစ်နေ့လုံးပေါင်းပါ။ ပေါင်းအိုးထဲ မှာရေခန်းသွားရင် ထပ်ထပ်ထည့်ပေးပါ။ ပေါင်းပြီးရလာတဲ့ဆေးရည်ကို ညအိပ်ရာ ၀င်ခါနီးသောက်ပေးပါ။ ဒီအတိုင်းတစ်ပတ် တစ်ကြိမ်လေးပတ်လောက် သောက်ပေး ရပါမယ်။ ဒီဆေးနည်းဟာ တရုတ်ရိုးရာတိုင်းရင်း ဆေးနည်းဖြစ်ပြီး အပျိုဖော်၊ လူပျိုဖော် ၀င်ခါစ အရွယ်တွေမှာ သောက်သုံးရင် အရပ်ရှည်ထွားကျိုင်းပြီး သွေးသန့်စေပါ တယ်။

No comments: