Monday, September 10, 2007

အာလူးစိမ်းဖျော်ရည် (Fresh potato juice) သောက်ခြင်း



အာလူးစိမ်းဖျော်ရည် (Fresh potato juice) သောက်ခြင်း




ဂျပန်နိုင်ငံမှာ အာလူးစိမ်းဖျော်ရည် (Fresh potato juice) သောက်ခြင်း ခေတ်စားနေပါတယ်။ ဓာတ်ခွဲစမ်းသပ် ချက်တွေအရ အာလူးစိမ်းဖျော်ရည်ဟာ ကင်ဆာကလာပ်စည်းတွေကို ဟန့်တားစေ တာကို တွေ့ရှိခဲ့ပြီးကတည်းက ခေတ်စားခဲ့ တာပါ။ ဒီဓာတ်စာကို လွယ်လွယ်ကူကူ ဖော်စပ်နိုင်ပြီး အချိန်တိုအတွင်း အာနိသင် ခံစားရရှိနိုင်ပါတယ်။ တစ်ပတ်နှစ်ပတ် လောက် သောက်ပြီးရင် နာကျင်မှုဝေဒနာ တွေလျော့ပါးသွားပြီး အသားအရေ ပြန် ကောင်းလာနိုင်ပါတယ်။ အာလူးစိမ်းဖျော် ရည် ဓာတ်စာဟာနေ့စဉ် တစ်ဖန်ခွက်က နေ နှစ်ဖန်ခွက်အထိ မှီဝဲသွားရင် အ သည်းရောဂါ၊ ဆီးချိုရောဂါ၊ အစာအိမ် ရောဂါ၊ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါ၊ သွေးတိုးရောဂါ၊ ခါးနာ၊ ပခုံးနာ၊ ကျီး ပေါင်းရောဂါတွေ သက်သာစေတဲ့အတွက် ခုလို သောက်သုံးမှုခေတ်စားလာတယ်လို့ သိရပါတယ်။
ကင်ဆာကလာပ်စည်းများကို ဟန့်တားစေသော အာလူးစိမ်းဖျော်ရည်အာလူးစိမ်းဓာတ်စာဖျော်ရည် လုပ်နည်း
အရွယ်အလတ်စား အာလူးသုံးလုံးကို အခွံမနွှာဘဲ ရေစင်အောင်ဆေးကြောပါ။ အစို့အညှောက်များရှိရင် ဖယ်ရှားပစ်ပြီး သေးငယ်တဲ့အစကလေးတွေရအောင် ခြစ်နဲ့ ခြစ်ပါ။ ခြစ်ထားတဲ့အာလူးတွေကို ခပ်ပါးပါးပိတ်စသန့်သန့်နဲ့ထုပ်ပြီး အရည်ညှစ်ပါ။ အာလူးစိမ်းအရည်ကို ပျားရည်နည်းနည်း ရောစပ်ပြီး နံနက်တိုင်း တစ်ခွက်နှုန်း သောက် ပေးရမယ်လို့ ဆိုပါတယ်။

No comments: