Monday, September 10, 2007


တရုတ်ရိုးရာအပ်စိုက်ကုခြင်း


သမားတော် ဦးမောင်ဖန် (အပ်စိုက်) ဒုတိယဥက္ကဋ္ဌ၊ တရုတ်တိုင်းရင်း သမားတော်များအဖွဲ့


အပ်စိုက်ကုသခြင်းအကြောင်း ရှင်းပြပေးပါ။ဗ. အပ်စိုက်ကုသခြင်းဟာ တရုတ်ရိုး ရာ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အပ်စိုက် တဲ့အခါမှာ အကြောပညာကို နားလည်ဖို့ လိုပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို အတွင်းကလီစာတွေနဲ့ပတ်သက်တဲ့ အကြော ၁၂ မျိုး၊ ယင် နဲ့ ယန် (ခန္ဓာ ကိုယ်အရှေ့ခြမ်းအကြောနဲ့ အနောက် ခြမ်းအကြော)ဆိုပြီး အကြော ၁၄ မျိုး ခွဲ ခြားထားပါတယ်။ အပ်စိုက်ဖို့ အတွက် ပွိုင့်တွေကတော့ အပ်စိုက်ကျမ်းတွေထဲမှာ ပွိုင့် ၁၀၀၀ ကျော်ရှိပေမယ့် ခြုံပြီးသုံးတဲ့ အရေးကြီးဆုံး ပွိုင့်က ၃၀ ကျော်ပဲရှိ တယ်။ အဲဒီပွိုင့်တွေကိုမှ ဘယ်ပွိုင့်နဲ့ ဆက်စပ်ပြီး အပ်စိုက်ရမယ်ဆိုတာ ပြန် သုံးသပ်ကုသရပါတယ်။ျှ. ဘယ်လိုရောဂါတွေကို ကုသနိုင်ပါ သလဲ။ဗ. ခွဲစိတ်စရာမလိုတဲ့ရောဂါတွေ အား လုံးကို ကုသလို့ရပါတယ်။ အပ်စိုက်ကုသ တဲ့ ပညာမှာ အသည်း၊ နှလုံး၊ သရက်ရွက်၊ အဆုတ်၊ ကျောက်ကပ် ငါးမျိုးအပေါ်မူ တည်ပြီး ညှိနှိုင်းကုသရပါတယ်။ သူတို့ငါး မျိုးဟာ တစ်မျိုးနဲ့တစ်မျိုး ဆပ်စပ်နေပြီး အကျိုးပြုတာမျိုးရှိသလို တစ်ခုမကောင်း လို့ တခြားတစ်ခုကိုလာပြီး ဒုက္ခပေးတာ မျိုးရှိပါတယ်။ ဥပမာ - ပြောရရင် အသည်းက နှလုံးရဲ့ မိခင်၊ နှလုံးက သရက် ရွက်ရဲ့မိခင်၊ သရက်ရွက်က အဆုတ်မိခင်၊ အဆုတ်က ကျောက်ကပ်ရဲ့မိခင်၊ ကျောက်ကပ်က အသည်းရဲ့ မိခင်ဆိုပြီး တစ်ခုနဲ့တစ်ခုဆပ်စပ်နေသလို အသည်း မှာအားနည်းရင် သရက်ရွက်ကိုဒုက္ခ ပေးပြီး၊ သရက်ရွက်မှာ အားနည်းရင် ကျောက်ကပ်ကိုဒုက္ခပေးပါတယ်။ အဲဒီလို ပဲ နှလုံးအားနည်းရင် အဆုတ်ကို ဒုက္ခပေး ပြီးအဆုတ်အားနည်းရင် အသည်းကို ဒုက္ခပေးတတ်ပါတယ်။ ဒါကြောင့် အစာ အိမ်ရောဂါဆိုရင် အစာအိမ်လမ်းကြောင်း ကို အပ်စိုက်တဲ့အပြင် အသည်းလမ်း ကြောင်းကိုပါ အားပေးတဲ့အကြောကို အပ်စိုက်ပေးရပါတယ်။ ဒါပေမဲ့ တစ်ခါ တလေ ကုသတဲ့ဆရာက မကျွမ်းကျင်ရင် ရောဂါခဏပဲသက်သာပြီး ကျန်ဆက်စပ် နေတဲ့အရာကို ဆက်မကုရင် ရောဂါပြန် ပေါ်တတ်ပါတယ်။ျှ. အပ်စိုက်တဲ့အခါ သတိထားရမယ့် အချက်တွေကို ပြောပြပေးပါ။ဗ. ခန္ဓာကိုယ်တစ်ခုလုံးက အကြော ၁၄ ကြောဟာ လက်အတွင်းသုံးကြော၊ အပြင် သုံးကြော၊ ခြေထောက်အတွင်းကြော သုံး ကြော၊ အပြင် သုံးကြော၊ ရင်ဘတ်တစ် ကြောနဲ့ ကျောကုန်း တစ်ကြောဆိုပြီး သေချာနားလည်ဖို့လိုပါတယ်။ အကြော တွေကို နားမလည်ရင် သေချာအမြစ် မပြတ်ပါဘူး။ ရင်ဘတ်၊ ၀မ်းဗိုက်ပိုင်းနဲ့ ကျောကုန်းက အကြောတွေကအရမ်းသ တိထားရပါတယ်။ မကျွမ်းကျင်ရင် ကလီစာတွေကို ထိခိုက်နိုင်ပါတယ်။ျှ. ရောဂါရှိမှ အပ်စိုက်သင့်တာလား။ဗ. ရောဂါမရှိတဲ့ သူတွေလည်း ကျန်းမာ ရေးအတွက် အပ်စိုက်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်မှာသွေးနဲ့အင်အားဟာ အဓိက ကျပါတယ်။ အင်အားရှိမှ သွေးလည်ပတ် မှု မှန်ကန်နိုင်ပါတယ်။ ဒါကြောင့် ကျန်း မာရေးအတွက် အင်အားနဲ့သွေးကို မျှတ ကောင်းမွန်အောင်အပ်စိုက်နိုင်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ ရောဂါလက္ခဏာမပြ သေးတဲ့ ရောဂါတွေကို တားဆီးပေးရာ လည်းရောက်ပါတယ်။ျှ.ွသသိံနေူအ့ ပရိသတ်ကို အကြံ ပြုချင်တာများရှိရင်။ လူတစ်ကိုယ်လုံးမှာ လက်ချောင်း ထိပ်တွေက အရမ်းအရေးကြီးပါတယ်။ အဓိကပွိုင့်တွေလည်းဖြစ်တဲ့အတွက် အိမ် မှာနေရင်း လက်ချောင်းထိပ်ကလေးတွေ ကို နှိပ်နယ်ပေးတာ၊ လက်ချောင်းလေး တွေကို ဆုပ်နယ်ပေးတာပြုလုပ်သင့်ပါ တယ်။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် သွေး လည်ပတ်မှုကောင်းမွန်စေပြီး သက်ဆိုင်ရာ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေကို လည်း အားပေးပါတယ်။

No comments: