Monday, September 3, 2007

လိပ်ခေါင်းရောဂါနှင့် တရုတ်တိုင်းရင်းဆေးအမြင်

လိပ်ခေါင်းရောဂါနှင့် တရုတ်တိုင်းရင်းဆေးအမြင်

တရုတ်တိုင်းရင်းသမားတော် ဦးဇော်မိုးဟိန်း နှင့် တွေ့ဆုံခြင်း



မြန်မာပြည်မှာ အဖြစ်များတဲ့ လိပ် ခေါင်းရောဂါအကြောင်း ပြောပြပါ။
မြန်မာပြည်မှာ အဖြစ်များတဲ့ လိပ် ခေါင်းရောဂါက အပြင်လိပ်ခေါင်းရောဂါ ဖြစ်ပါတယ်။ အတွင်းလိပ်ထက်စာရင် အပြင်လိပ်က အဖြစ်များတာ တွေ့ရတတ် ပါတယ်။

ဘယ်လိုလူတွေမှာ အဖြစ်များပါ သလဲ။

ဝမ်းချုပ်တတ်တဲ့သူတွေ၊ ဓာတ်လေး ပါးမညီညွတ်တဲ့သူတွေမှာ အဖြစ်များပါ တယ်။ ကိုယ်လက်လှုပ်ရှားမှုနည်းပြီး အထိုင်များတဲ့သူတွေဟာ ၀မ်းချုပ်တတ်ပြီး ကြာလာရင် လိပ်ခေါင်းရောဂါ ခံစားရ တတ်ပါတယ်။ လိပ်ခေါင်းရောဂါဖြစ်လာ ရင် ဝေဒနာရှင်ဟာ စိတ်လက်မကြည် မလင်ဖြစ်တာ၊ အိမ်ထောင်ရေး အဆင် မပြေတာတွေ ဖြစ်လာနိုင်ပါတယ်။

ဘယ်အသက်အရွယ်နဲ့ ဘယ်လိုလူ တွေ အဖြစ်များတာ တွေ့ရပါသလဲ။

အသက် ၃၀ ကနေ ၅၀ အတွင်း ကျားမ မရွေးဖြစ်နိုင်ပြီး အမျိုးသမီးတွေ မှာ အဖြစ်များတာ တွေ့ရပါတယ်။ လူ ငယ်တွေကတော့ နုနယ်စဉ် သွေးသား ကောင်းတဲ့အတွက် ဖြစ်လေ့ဖြစ်ထရှိတာ သိပ်မတွေ့ရပါဘူး။

အတွင်းလိပ်နဲ့ အပြင်လိပ် ဘယ် ဟာ ကုသရခက်ပါသလဲ။

အတွင်းလိပ်က ပိုကုရခက်ပါတယ်။ ဒါပေမဲ့ သတိမထားရင်၊ စောစောစီးစီး မကုသရင် အပြင်လိပ်ကလည်း အသက် ကို ရန်ရှာတဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ တချို့လူနာတွေဆို ရောဂါနုစဉ်မှာ မကုသ တဲ့အတွက် အပြင်လိပ်ဟာေ>မဟောက် သဏ္ဌာန်ဖြစ်လာပြီး အကြီးကြီးဖြစ်လာတဲ့ အတွက် ကုသရခက်ခဲသွားပြီး ခွဲစိတ်ရတဲ့ အထိ ဖြစ်ပါတယ်။ ဒီလိုအခြေအနေအထိ အရောက်မခံသင့်ပါဘူး။ လိပ်ခေါင်း ရောဂါ ကြာရှည်လာရင် စအိုကင်ဆာဖြစ် တဲ့အထိ အခြေအနေ ဆိုးသွားနိုင်ပါတယ်။

လိပ်ခေါင်းရောဂါ ကုသတဲ့အခါ ဘယ်လောက် အချိန်ကြာပါသလဲ။

အနည်းဆုံး တစ်ပတ်ကနေ သုံးပတ် အထိ အချိန်ကြာပါတယ်။ ဒါပေမဲ့ တိုင်း ရင်းဆေးနဲ့ အမြစ်ပြတ်ပျောက်ကင်း အောင် ကုသနိုင်ပါတယ်။

ရောဂါကုသနေစဉ်နဲ့ ကုသအပြီး မှာ ဘယ်အစားအစာတွေ ရှောင်ကြဉ် သင့်ပါသလဲ။

အဓိကအသားငါးရှောင်ရပါမယ်။ တွင်းအောင်းသားတွေ၊ ပုစွန်၊ ကဏန်း၊ ငါး သလောက် စတဲ့ အသားယားစေမယ့် အစာတွေ၊ အမဲသားတွေကို အဓိက ရှောင်သင့်ပါတယ်။

ကြိုတင်ကာကွယ်ဖို့ ဘယ်လို အပြု အမူတွေ လုပ်သင့်ပါသလဲ။

ကြိုတင်ကာကွယ်ဖို့က အညောင်း မမိစေဖို့ ဂရုစိုက်ရပါမယ်။ အစားအ သောက်ကတော့ ၀မ်းမှန်ဖို့အတွက် ၀မ်းနူး စေမယ့်အသီးအရွက်တွေကို တွဲဖက်စား သုံးသင့်ပါတယ်။

ဆရာ့အနေနဲ့ အကြံပြုလိုတာများ ရှိရင်။

လိပ်ခေါင်းရောဂါဖြစ်လာတဲ့အခါ ဝေဒနာရှင်တွေဟာ ရှက်ကြောက်ပြီး ကုသမှုခံယူဖို့ ၀န်လေးတတ်ကြပါတယ်။ ဒါကြောင့် အမြစ်ပြတ် အလွယ်တကူ ကုသနိုင်ပါရက်နဲ့ ရောဂါ မပြင်းထန်သင့် ဘဲ အသက်ကို အန္တရာယ်ပြုနိုင်တဲ့အထိ ဖြစ်တတ်တဲ့အတွက် မပေါ့ဆဖို့ သတိပေး ချင်ပါတယ်။

4 comments:

for learn english speaking said...

ကျွန်တော်တစ်ခုမေးချင်တယ်ဗျာ ကျေးဇူးပြုပြီးဖြေကြားပြေးပါ
အခုကျွန်တော်လိပ်ခေါင်းရောဂါခံစားနေရပါတယ်။
မနက်အစာစားပြီး ညရောက်ရင် ပိုက်တအားနာတယ်။
အဲ့ဒါ လိပ်ခေါင်းရောဂါနဲ့ဆိုင်ပါသလား။

love not for sale said...

ဆရာသမီးရဲ့စအိုအဝနှာခမ်းနားမှာ အတက်လေးတခုထွက်နေတယ် အဲ့ဒါလိပ်ခေါင်းနဲ့ဆိုင်လား ဘယ်လိုကုရမလဲအကြံညဏ်လေးပေးပါအုံး

love not for sale said...

ဆရာသမီးရဲ့စအိုအဝနှာခမ်းနားမှာ အတက်လေးတခုထွက်နေတယ် အဲ့ဒါလိပ်ခေါင်းနဲ့ဆိုင်လား ဘယ်လိုကုရမလဲအကြံညဏ်လေးပေးပါအုံး

love not for sale said...

ဆရာသမီးရဲ့စအိုအဝနှာခမ်းနားမှာ အတက်လေးတခုထွက်နေတယ် အဲ့ဒါလိပ်ခေါင်းနဲ့ဆိုင်လား ဘယ်လိုကုရမလဲအကြံညဏ်လေးပေးပါအုံး