Tuesday, September 4, 2007

ဆောင်းပါးများ

ကိုယ်ဝန်ဆောင်ခြင်း၊ မီးဖွားခြင်းနှင့် တရုတ်ရိုးရာ အယူအဆအချို့



အနေအထိုင်


၁။ ကိုယ်ဝန်ရှိစဉ် အိပ်ရာထဲမှာ အသွား ထက်တဲ့ အရာဝတ္ထုတွေ (ဥပမာ - ကတ် ကြေး၊ ဓား)မထားရှိသင့်ပါဘူး။ မွေးလာ တဲ့ကလေးဟာ နှုတ်ခမ်းအကွဲ၊ အာခေါင် အကွဲ ပါလာတတ်ပါတယ်။

၂။ ကိုယ်ဝန်ဆောင်စဉ်ကာလဟာ ယင် နဲ့ယန် (အပူနဲ့အအေး) သဘောတရား အရ ယင်(အပူ)ဓာတ်ဖြစ်ပေါ်နေတဲ့အ တွက် တက်ညှိတဲ့အနေနဲ့ အအေးစာစား သုံးပေးရမယ်လို့ ဆိုပါတယ်။

၃။ စေးကပ်တဲ့ ပစ္စည်းတွေ (ဥပမာ - ကော်) မကိုင်သင့်ပါဘူး။ ကလေးမှာ မွေးမှတ်ပါလာတတ်ပါတယ်။

၎။ တစ်ယောက်ယောက်ကို ဝေဖန်ကဲ့ ရဲ့ရင် ကလေးဟာကိုယ်ဝေဖန်ကဲ့ရဲ့တဲ့သူ လိုဖြစ်လာတတ်ပါတယ်။

၅။ ခင်ပွန်းသည်တွေဟာ မျိုးရိုးအမည် ဆက်ခံဖို့ သားယောက်ျားလေးကို လိုချင် တတ်ကြပါတယ်။



အစားအသောက်

်၁။ အခွံမာရှိတဲ့ ရေသတ္တ၀ါတွေစားရင် ကလေးမှာ မိတ်၊ အင်ပျဉ်တွေ ထွက်တတ် ပါတယ်။

၂။ နာနတ်သီးဟာ ကိုယ်ဝန်ပျက်ခြင်း (သားလျှောခြင်း) ဖြစ်စေတတ်ပါတယ်။

၃။ ကဏန်းနဲ့ပြည်ကြီးငါးတွဟာ ၀မ်းဗိုက် ကို စေးကပ်စေပါတယ်။ အလွန်အကျွံ စားသုံးရင် ကလေးကသိပ်ထွားပြီး မွေးဖွား ရခက်ခဲစေပါတယ်။

၎။ အုန်းနို့သောက်ပေးရင် ကလေးအ သားအရေ လှပစေပါတယ်။



ကလေးမွေးဖွားပြီးတဲ့နောက်


၁။ ကလေးမွေးဖွားပြီးသွားတဲ့အခါ ယင်၊ ယန်သဘောအရ အအေးအခြေအနေ ဖြစ်သွားတဲ့အတွက် ဒီအခြေအနေမှာ အ အေးစာတွေမစားသင့်တော့ပါဘူး။ အ အေးစာတွေစားရင် အသက်ကြီးပိုင်း ရောက်တဲ့အခါ ဒဏ်အဖြစ်ခေါင်းကိုက် ခြင်း၊ အရိုးအဆစ်ရောင်ခြင်း စတာတွေ ခံစားရတတ်ပါတယ်။

၂။ အပူစာတွေဖြစ်တဲ့ ရေနွေး၊ ချင်း၊ မီ နီဂါ၊ ၀က်ခြေထောက်၊ ပရိုတင်းပါဝင်မှုများ တဲ့ အစာတွေစားသင့်ပါတယ်။ အမဲသား ကတော့ အနာကျက်နှေးစေတဲ့အတွက် ရှောင်ကြဉ်သင့်ပါတယ်။

၃။ မီးနေစဉ်ကာလမှာ ဗငမ-ဃသည အအေးခံခြင်း၊ လေတိုက်ခံခြင်းစတာတွေ ရှောင်ကြဉ်သင့်ပြီး ကလေးကိုမကိုင်တွယ် ခင်မှာ လက်ကိုချင်းရည်နဲ့ဆေးကြောသန့် စင်ရပါတယ်။နို့ထွက်ကောင်းစေဖို့ သင်္ဘောသီးနဲ့ ငါးစွပ်ပြုတ်သောက် ခြင်းဟာ နို့ထွက်ကောင်းစေပါတယ်။ အ ငန်ဓာတ်ရှိတဲ့ အစားအစာတွေကလည်း နို့ထွက်အားကောင်းစေဖို့ အထောက်အ ကူပြုပါတယ်။

No comments: