Saturday, September 15, 2007

ခါးနာရောဂါ

ခါးနာရောဂါ


ခါးနာရောဂါဘာကြောင့်စတင်ဖြစ်ရတာလဲဆိုတဲ့ history ကိုသိဖို့ အရေးကြီးပါတယ်။အကြမ်းဖျင်းအားဖြင့်ကုသနည်းတွေကတော
အလေးအပင်မ မပါနဲ
မွေ့ ယာနဲ့ မအိပ်ပါနဲ့ 
ပက်လက်ကုလားထိုင်မထိုင်ရ
ခါးမှာဝန်ပိစေမယ့်အလုပ်မျိုးရှောင်ပါ။
အထိုင်အထသတိထားပါ။
ရေနွေးအိတ်ကပ်ပေးပါ။
ခါးကပ်ပလာစတာကပ်ပေးပါ။
လက်ကိုခြေချောင်းလေးတွေထိအောင်ထိုင်လျှက်ဖြစ်စေထလျှက်ဖြစ်စေဆန့် ပြီးကြောလျော့ပေးပါ.။
တစ်ခါလုပ်ရင်အခါနှစ်ဆယ်လောက်လုပ်ပေးပါ။
အိပ်တဲ့အခါခါးအောက်မှာစောင်ခေါက်မထူမပါးခုအိပ်ပါ။

Tuesday, September 11, 2007

တွေးရင်းပြုံး

သွားနှုတ်ချင်လို့

သွားဆေးခန်းထဲသို့ လင်မယားနှစ် ယောက်ဝင်လာသည်။

မိန်းမး သွားနှုတ်ချင်လို့ပါဆရာ။ မေ့ ဆေးနဲ့ထုံဆေးမသုံးဘဲ မြန် မြန်နုတ်ပေးပါ တတ်နိုင်သမျှ ခပ်မြန်မြန်လေး။

ဆရာဝန်း ခင်ဗျားက တော်တော်သတ္တိ ကောင်းပါလား။ ကဲ ပြဘယ် သွားနာတာလဲ။

မိန်းမး ယောက်ျားရေ။ ပါးစပ်ဟပြီး နှုတ်မယ့်သွားကို မြန်မြန် ပြလိုက်။


သတင်းဆိုးနဲ့သတင်းကောင်း


လူတစ်ယောက် ဆရာဝန်ထံ ဆေး စစ်ချက်လာယူသည်။

ဆရာဝန်း သတင်းဆိုးနဲ့ သတင်း ကောင်းဘဲ။ ဘာလို အရင်သိ ချင်လဲ။

လူနား သတင်းဆိုးပြောပါ။

ဆရာဝန်း ခင်ဗျားမှာ ကင်ဆာရောဂါ ကျွမ်းနေပြီ။ နောက် ၆ လပဲ ခံတော့မယ်။

လူနား ဒါဆို သတင်းကောင်းကကော ...

ဆရာဝန်း ခင်ဗျားမှာ အယ်လ်ဇိုင်းမား ရောဂါလဲရှိနေတယ် နောက် ၁၀ မိနစ် အတွင်း အခုပြော နေတာတွေ အားလုံး မေ့ သွားတော့မယ်။

လူနား တော်သေးတာပေါ့။ ကျွန်တော်ဟာ ကင်ဆာ ဖြစ်မှာ သိပ်ကြောက်တာ။

ဆယ်ကျော်သက်တွေ အဆီပြန်တတ်တဲ့ ဆံပင်ကို ဘယ်လိုထိန်းသိမ်းမလဲ

ဆယ်ကျော်သက်တွေ အဆီပြန်တတ်တဲ့ ဆံပင်ကို ဘယ်လိုထိန်းသိမ်းမလဲ

တချို့လူတွေရဲ့ဆံပင်သားဟာ ဆယ် ကျော်သက်အရွယ်မှာ အဆီပြန်လေ့ရှိပါ တယ်။ ဆံပင်အမြစ်အိတ်ထဲက အဆီ ထုတ်ဂလင်းတွေကြောင့် ဆံပင်သားနဲ့ အရေပြားကို အဆီပြန်စေလို့ပါပဲ။ အထူး သဖြင့် မြီးကောင်ပေါက် အရွယ်တွေမှာ အဆီထုတ်ဂလင်းတွေက ပိုတက်<ကလှုပ် ရှားလာပြီး အဆီကိုလိုအပ်တာထက် ပို ထုတ်တဲ့အတွက် ၀က်ခြံပေါက်ခြင်းနဲ့ ဆံ ပင်သားအဆီပြန်ခြင်းတွေ ဖြစ်တတ်ပါ တယ်။ ဒါဟာ ခေတ္တသာဖြစ်ပြီး အရွယ် ရောက်ချိန်မှာ ပုံမှန်ပြန်ဖြစ်သွားလေ့ရှိပါ တယ်။ ဆယ်ကျော်သက်အရွယ် အဆီပြန် ဆံပင်ကို တစ်နေ့တစ်ခါလျှော်ပေးလေ့ရှိ တတ်ပါတယ်။ ဒီနေရာမှာ သတိထားရမှာ ကတော့ အကြိမ်ရေ ဘယ်လောက်လျှော် လျှော် စိုစွတ်နေတဲ့ဆံပင်ကို နူးနူးညံ့ညံ့ ကိုင်တွယ်မယ်ဆိုရင် ဘာပြဿနာမှ မရှိ ပါဘူး။ ခေါင်းလျှော်ရည်သုံးတဲ့အခါမှာတော့ အဆီပြန်တတ်တဲ့ ဆံပင်သားအတွက် သီး သန့်ထုတ်ထားတဲ့ ခေါင်းလျှော်ရည်အစား အပျော့စားခေါင်းလျှော်ရည်သုံးသင့်ပါ တယ်။ တချို့လူတွေက ပေါင်းစပ်ဆံပင် အမျိုးအစားရှိတတ်ပါတယ်။ ဆံပင်အရင်း မှာ အဆီပြန်ပြီး အဖျားခြောက်တဲ့၊ နူးညံ့ တဲ့ဆံပင်မျိုးရှိနေရင်တော့ အဆီပြန်တတ် တဲ့ ဆံပင်သားအတွက် ထုတ်ထားတဲ့ ခေါင်းလျှော်ရည်က အကျိုးမရှိဘဲ အပြစ် တောင်ဖြစ်နိုင်ပါသေးတယ်။ ဆံပင်ပျော့ ဆေးသုံးမယ်ဆိုရင်တော့ အဆီပြန်တဲ့ ဆံ သားအတွက်ထုတ်ထားတဲ့ ပျော့ဆေးကို သုံးနိုင်ပါတယ်။

Nordic Walking

Nordic Walking ဆိုတာ ဖင်လန် နိုင်ငံကစတင်ခဲ့တာဖြစ်ပြီး သူတို့ဆီမှာ အမျိုးသားကျန်းမာရေးအနေနဲ့ ဒီလမ်း လျှောက်နည်းကို ပြုလုပ်ကြပါတယ်။ ခု နောက်ပိုင်း ဥရောပမှာလည်း ဒီလမ်း လျှောက်နည်းခေတ်စားလာပြီးြNordic walking နည်းအသုံးပြုပြီး လမ်းလျှောက် လေ့ကျင့်ခန်းပြုလုပ်သူ ဦးရေ ငါးသန်း လောက်ရှိလာပြီလို့ဆိုပါတယ်။

ဘာအကျိုးကျေးဇူးတွေရနိုင်လဲ

Nordic Walking ဟာ ခန္ဓာကိုယ်မှာ ရှိတဲ့ အရိုးနဲ့<ကက်သား ၉၀ ရာခိုင်နှုန်း အသုံးပြုရတဲ့ လမ်းလျှောက်နည်းဖြစ်ပြီး ရိုးရိုးလမ်းလျှောက်တာထက် ကယ်လိုရီ လောင်ကျွမ်းမှုပိုပါတယ်။ ပိုက်လုံုးကို အသုံးပြုပြီး နောက်ကျောနဲ့လက်မောင်း တွေကို လှုပ်ရှားရတဲ့အတွက် ကုပ်သားနဲ့ ပခုံးတွေက ပြေလျော့စေပါတယ်။ သိပ္ပံ နည်းကျ လေ့လာမှုတွေအရြNordic Walking ဟာ နှလုံး၊ အဆုတ်နဲ့ ခန္ဓာ ကိုယ်ကို အကျိုးပြုပြီး သာမန်လမ်း လျှောက်တာလောက်တောင် မပင်ပန်းဘူး လို့ဆိုပါတယ်။ ဘယ်လိုလျှောက်မလဲ

ပိုက်တံ နှစ်ချောင်းရှိရင်လျှောက်ဖို့ အဆင့်သင့်ဖြစ်ပါပြီ၊ ရိုးရိုးလမ်းလျှောက် သလိုပါပဲ။ ကွဲပြားမှုမရှိပါဘူး။ ခြေလှမ်း တွေကိုတော့ ခါတိုင်းထက်ပို ကျယ်ကျယ် လှမ်းပေးပါ။ ခြေတစ်လှမ်းလှမ်းတိုင်း ပိုက်တံတွေကို ဆန့်ကျင်ဘက် တွန်းပေး ပါ။ (ဥပ မာ-ဘယ်ခြေနဲ့ ညာလက်၊ ညာ ခြေနဲ့ ဘယ်လက်) စတင်လေ့ကျင့်ခါစမှာ သက်သောင့်သက်သာပဲ ပြုလုပ်ပါ။ ပြင်း ပြင်းထန်ထန်အားမစိုက်ပါနဲ့။ ပခုံးတွေကို သက်တောင့်သက်သာအတိုင်း လှုပ်ရှား ပေးပါ။

ရုတ်တရက်သွားကျိုးခဲ့ရင် ဘာလုပ်ရ မလဲ

ရုတ်တရက်သွားကျိုးခဲ့ရင် ဘာလုပ်ရ မလဲ


ငယ်သွားလဲပြီးသား သွားတွေရုတ်တ ရက်ထိခိုက်မှု တစ်ခုခုကြောင့် ကျွတ်သွား ခဲ့ရင် ဒီသွားကိုပြန်စိုက်ဖို့ (မူလအတိုင်း ပြန်တပ်ဆင်ဖို့) သိပ်အရေးကြီးပါတယ်။ သွားကျွတ်သွားခဲ့ရင် -
(၁) ကျွတ်သွားတဲ့သွားကိုတွေ့အောင် ရှာပါ။
(၂) သွားကိုထိပ်ဖျားကနေကိုင်ပါ။ အမြစ် က မကိုင်ပါနဲ့။
(၃) ဆားရည် ဒါမှမဟုတ် နို့ရည်နဲ့ ညင် ညင်သာသာဆေးပါ။ (ပိုက်ကလာတဲ့ ရေကတော့ ကလိုရင်းဓာတ်ပါဝင်လို့ သွား ကို ပျက်စီးစေပါတယ်)
(၄) သွားဆရာဝန်ဆီ မရောက်မချင်း သွားကို မခြောက်သွေ့အောင် နို့ရည်နဲ့ စိမ်ထားပါ။
(၅) နီးစပ်ရာသွားဆရာဝန်ဆီကို နို့ရည် စိမ်ထားတဲ့သွားပါတစ်ပါတည်းယူပြီး သွား ရောက်ပြသပါ။

Monday, September 10, 2007


တရုတ်ရိုးရာအပ်စိုက်ကုခြင်း


သမားတော် ဦးမောင်ဖန် (အပ်စိုက်) ဒုတိယဥက္ကဋ္ဌ၊ တရုတ်တိုင်းရင်း သမားတော်များအဖွဲ့


အပ်စိုက်ကုသခြင်းအကြောင်း ရှင်းပြပေးပါ။ဗ. အပ်စိုက်ကုသခြင်းဟာ တရုတ်ရိုး ရာ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ အပ်စိုက် တဲ့အခါမှာ အကြောပညာကို နားလည်ဖို့ လိုပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးကို အတွင်းကလီစာတွေနဲ့ပတ်သက်တဲ့ အကြော ၁၂ မျိုး၊ ယင် နဲ့ ယန် (ခန္ဓာ ကိုယ်အရှေ့ခြမ်းအကြောနဲ့ အနောက် ခြမ်းအကြော)ဆိုပြီး အကြော ၁၄ မျိုး ခွဲ ခြားထားပါတယ်။ အပ်စိုက်ဖို့ အတွက် ပွိုင့်တွေကတော့ အပ်စိုက်ကျမ်းတွေထဲမှာ ပွိုင့် ၁၀၀၀ ကျော်ရှိပေမယ့် ခြုံပြီးသုံးတဲ့ အရေးကြီးဆုံး ပွိုင့်က ၃၀ ကျော်ပဲရှိ တယ်။ အဲဒီပွိုင့်တွေကိုမှ ဘယ်ပွိုင့်နဲ့ ဆက်စပ်ပြီး အပ်စိုက်ရမယ်ဆိုတာ ပြန် သုံးသပ်ကုသရပါတယ်။ျှ. ဘယ်လိုရောဂါတွေကို ကုသနိုင်ပါ သလဲ။ဗ. ခွဲစိတ်စရာမလိုတဲ့ရောဂါတွေ အား လုံးကို ကုသလို့ရပါတယ်။ အပ်စိုက်ကုသ တဲ့ ပညာမှာ အသည်း၊ နှလုံး၊ သရက်ရွက်၊ အဆုတ်၊ ကျောက်ကပ် ငါးမျိုးအပေါ်မူ တည်ပြီး ညှိနှိုင်းကုသရပါတယ်။ သူတို့ငါး မျိုးဟာ တစ်မျိုးနဲ့တစ်မျိုး ဆပ်စပ်နေပြီး အကျိုးပြုတာမျိုးရှိသလို တစ်ခုမကောင်း လို့ တခြားတစ်ခုကိုလာပြီး ဒုက္ခပေးတာ မျိုးရှိပါတယ်။ ဥပမာ - ပြောရရင် အသည်းက နှလုံးရဲ့ မိခင်၊ နှလုံးက သရက် ရွက်ရဲ့မိခင်၊ သရက်ရွက်က အဆုတ်မိခင်၊ အဆုတ်က ကျောက်ကပ်ရဲ့မိခင်၊ ကျောက်ကပ်က အသည်းရဲ့ မိခင်ဆိုပြီး တစ်ခုနဲ့တစ်ခုဆပ်စပ်နေသလို အသည်း မှာအားနည်းရင် သရက်ရွက်ကိုဒုက္ခ ပေးပြီး၊ သရက်ရွက်မှာ အားနည်းရင် ကျောက်ကပ်ကိုဒုက္ခပေးပါတယ်။ အဲဒီလို ပဲ နှလုံးအားနည်းရင် အဆုတ်ကို ဒုက္ခပေး ပြီးအဆုတ်အားနည်းရင် အသည်းကို ဒုက္ခပေးတတ်ပါတယ်။ ဒါကြောင့် အစာ အိမ်ရောဂါဆိုရင် အစာအိမ်လမ်းကြောင်း ကို အပ်စိုက်တဲ့အပြင် အသည်းလမ်း ကြောင်းကိုပါ အားပေးတဲ့အကြောကို အပ်စိုက်ပေးရပါတယ်။ ဒါပေမဲ့ တစ်ခါ တလေ ကုသတဲ့ဆရာက မကျွမ်းကျင်ရင် ရောဂါခဏပဲသက်သာပြီး ကျန်ဆက်စပ် နေတဲ့အရာကို ဆက်မကုရင် ရောဂါပြန် ပေါ်တတ်ပါတယ်။ျှ. အပ်စိုက်တဲ့အခါ သတိထားရမယ့် အချက်တွေကို ပြောပြပေးပါ။ဗ. ခန္ဓာကိုယ်တစ်ခုလုံးက အကြော ၁၄ ကြောဟာ လက်အတွင်းသုံးကြော၊ အပြင် သုံးကြော၊ ခြေထောက်အတွင်းကြော သုံး ကြော၊ အပြင် သုံးကြော၊ ရင်ဘတ်တစ် ကြောနဲ့ ကျောကုန်း တစ်ကြောဆိုပြီး သေချာနားလည်ဖို့လိုပါတယ်။ အကြော တွေကို နားမလည်ရင် သေချာအမြစ် မပြတ်ပါဘူး။ ရင်ဘတ်၊ ၀မ်းဗိုက်ပိုင်းနဲ့ ကျောကုန်းက အကြောတွေကအရမ်းသ တိထားရပါတယ်။ မကျွမ်းကျင်ရင် ကလီစာတွေကို ထိခိုက်နိုင်ပါတယ်။ျှ. ရောဂါရှိမှ အပ်စိုက်သင့်တာလား။ဗ. ရောဂါမရှိတဲ့ သူတွေလည်း ကျန်းမာ ရေးအတွက် အပ်စိုက်ပေးနိုင်ပါတယ်။ ခန္ဓာကိုယ်မှာသွေးနဲ့အင်အားဟာ အဓိက ကျပါတယ်။ အင်အားရှိမှ သွေးလည်ပတ် မှု မှန်ကန်နိုင်ပါတယ်။ ဒါကြောင့် ကျန်း မာရေးအတွက် အင်အားနဲ့သွေးကို မျှတ ကောင်းမွန်အောင်အပ်စိုက်နိုင်ပါတယ်။ ဒီလိုပြုလုပ်ခြင်းဟာ ရောဂါလက္ခဏာမပြ သေးတဲ့ ရောဂါတွေကို တားဆီးပေးရာ လည်းရောက်ပါတယ်။ျှ.ွသသိံနေူအ့ ပရိသတ်ကို အကြံ ပြုချင်တာများရှိရင်။ လူတစ်ကိုယ်လုံးမှာ လက်ချောင်း ထိပ်တွေက အရမ်းအရေးကြီးပါတယ်။ အဓိကပွိုင့်တွေလည်းဖြစ်တဲ့အတွက် အိမ် မှာနေရင်း လက်ချောင်းထိပ်ကလေးတွေ ကို နှိပ်နယ်ပေးတာ၊ လက်ချောင်းလေး တွေကို ဆုပ်နယ်ပေးတာပြုလုပ်သင့်ပါ တယ်။ ဒီလိုပြုလုပ်ပေးခြင်းအားဖြင့် သွေး လည်ပတ်မှုကောင်းမွန်စေပြီး သက်ဆိုင်ရာ ခန္ဓာကိုယ်တွင်း အစိတ်အပိုင်းတွေကို လည်း အားပေးပါတယ်။

ရုတ်တိုင်းရင်းဆေးဓာတ်စာသင်္ဘောသီးကိုဆေးဘက်အဖြစ်စားသုံးခြင်း



နံနက် ၈ နာရီ စားသုံးလျှင် - အစာအိမ်နှင့် အူလမ်းကြောင်းအတွက်ကောင်းမွန်ပါ သည်။

နံနက် ၉ နာရီ စားသုံးလျှင် - သွေးအဆိပ်ဖြစ်ခြင်းကို ကောင်းမွန်သည်။ သွေးသား ကို သန့်စင်စေသည်။

နံနက် ၁၀ နာရီစားသုံးလျှင် - အသည်း၌ ပူခြင်းကို ကောင်းမွန်ပြီး ၀မ်းချုပ်ခြင်းကို သက်သာစေသည်။နံနက်

၁၁နာရီစားသုံးလျှင် - အာသီးနာခြင်း၊ အာခြောက်ခြင်းတို့ကို ကောင်းမွန်စေ သည်။

မွန်းလွဲ ၁ နာရီ စားသုံးလျှင် - နွယ်ချိုမှုန့်နှင့် တို့၍စားလျှင် အစာကြေစေသည်။

မွန်းလွဲ ၂ နာရီ စားသုံးလျှင် - ပါးစပ်ပုပ်၍ ပါးစပ်နံခြင်းကို ကောင်းမွန်စေသည်။

မွန်းလွဲ ၃ နာရီ စားသုံးလျှင် - အူမကြီးပူ၍ ၀မ်းမကောင်းလျှင် စားသုံးနိုင်သည်။

ညနေ ၄ နာရီ စားသုံးလျှင် - ပျားရည်နှင့်တို့စားပါက သွေးတိုးခြင်းကို သက်သာ စေသည်။ (ကလေးမစားရ)

ညနေ ၅ နာရီ စားသုံးလျှင် - ဆီးချိုဖြစ်ခြင်းကို သက်သာစေသည်။

ည ၇ နာရီ စားသုံးလျှင် - တစ်နေကုန်ပင်ပန်းခြင်းကို သက်သာစေပြီး စိတ်ရွှင် လန်းစေသည်။

ည ၈ နာရီ စားသုံးလျှင် - သွေးသားကို သန့်စင်စေသည်။

ည ၉ နာရီ စားသုံးလျှင် - သကြားနှင့်တို့စားပါက အသည်း၌ပူခြင်းကို သက် သာစေသည်။

တရုတ်ဆေးကျမ်းများတွင် သင်္ဘောသီးသည် အစာကြေခြင်း၊ အားအင်ပြန် လည်ဖြည့်စွမ်းပေးခြင်းစသည့် အာနိသင်များရှိကြောင်း တရုတ်တိုင်းရင်းသမားတော် များအဖွဲ့မှ ဒုတိယဥက္ကဋ္ဌသမားတော်ဦးဖန်ကပြောကြားသည်။ သင်္ဘောသီးစားခြင်း ကြောင့် ဆိုးကျိုးမရှိဘဲ စွဲစွဲမြဲမြဲစားသုံးခြင်းဖြင့် ကျန်းမာရေးအတွက် အထောက်အကူပြု ကြောင်း၊ တစ်ခါစားလျှင် တစ်စိတ်မှ နှစ်စိတ်အထိ စားသုံးသင့်ပြီး ယင်းသို့စားသုံးရာတွင် သင်္ဘောသီးစိတ်အား ဇွန်းဖြင့်အခွံနားကပ်သည်အထိ ခြစ်၍စားသင့်ကြောင်း၊ ယင်းအခွံ အနားရှိ သင်္ဘောစေးသည် အစာအိမ်အား လွန်စွာအကျိုးပြုပြီး ၀မ်းချုပ်တတ်သော ပုဂ္ဂိုလ်များ၊ အသည်းရောဂါသည်များ၊ သရက်ရွက်ရောဂါသည်များအတွက် အထူးသင့် လျော်ကြောင်း၊ ထမင်းစားပြီးချိန်နှင့် မစားခင်အချိန်များတွင် ကပ်၍စားသုံးသင့်ကြောင်း ယင်းကအကြံပြုပြောကြားသည်။